ညောင်ရွှေတွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယဒိနုဂ္ဂဟစာပြန်ပွဲ ကျင်းပမည် မဟုတ် - Kanbawza Tai News

Breaking

Sunday, June 21, 2020

ညောင်ရွှေတွင် နှစ်စဉ် ကျင်းပမြဲ ဖြစ်သော ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယဒိနုဂ္ဂဟစာပြန်ပွဲ ကျင်းပမည် မဟုတ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော ရှမ်းပြည် နယ်လုံးဆိုင်ရာ ဝိနယဒိနုဂ္ဂဟစာ မေးပွဲ စာပြန်ပွဲတော်ကြီးကိုလာမည့် ဇူလိုင်လ ၁ ရက်တွင် စတင် ကျင်းပပြု လုပ်ရန် လျာထားခဲ့သော်လည်း ကျင်း ပပြုလုပ်တော့ မည်မဟုတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
.
 
.
ညောင်ရွှေမြို့၊ ရွှေဂူကျောင်း တိုက်တွင် ဇွန်လ ၁၅ ရက်၊ ညနေပိုင်း က ပြုလုပ်ခဲ့သည့် ညောင်ရွှေ စာပွဲ တော်ဆိုင်ရာ ဆရာတော်ကြီးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စာပွဲ တော် ထိန်းသိမ်းစောင့်ရှောက်ရေး သံဃဩဝါဒ ဗဟိုဦးစီးအဖွဲ့ချုပ်တို့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ စာပြန်ပွဲတော်ကို ကျင်းပမည် မဟုတ် ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
.
“တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါ ကာကွယ်နိုင်ရေးနဲ့ အစိုးရများ အနေနဲ့ ထုတ်ပြန်ထားချက် များအရ လူအချင်းချင်း ကူးစက်ဖြစ် ပွားနေတာဖြစ်လို့ ဒီ စာပြန်ပွဲကို မ ကျင်းပဖို့ ဆုံးဖြတ်တာပါ”ဟု ညောင် ရွှေမြို့နယ် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ တိလောက က အစည်းအဝေးတွင် မိန့်ကြားခဲ့ သည်။
.
အဆိုပါ ရှမ်းပြည်နယ်လုံးဆိုင်ရာ ဝိနယဒိနုဂ္ဂဟ စာမေးပွဲကို ညောင် ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်လက် ထက် ၁၉၃၇ ခုနှစ်တွင်လည်းကောင်း၊ စာပြန်ပွဲကို ၁၉၃၄ ခုနှစ်တွင် လည်း ကောင်း စတင်ကျင်းပ ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေ သည့်နှစ်များတွင် နှစ်စဉ်မပျက် ကျင်း ပနိုင်ခဲ့သော်လည်း ယခု COVID-19 ကူးစက် ရောဂါကြောင့် ပထမဆုံးအ ဖြစ် မကျင်းပနိုင်ခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)