မင်းဇော်မင်း
.
နေပြည်တော်ကောင်စီနယ်မြေ၊
ဒက္ခိဏသီရိမြို့နယ်တွင် ကမ္ဘာ့အကြီး ဆုံး ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွား တော်ကြီးကို
တပ်မတော်နှင့် အလှူ ရှင်များမှ တည်ထားကိုးကွယ်သွား မည် ဖြစ်ကြောင်း တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့
အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆို ခဲ့သည်။
.
.
.
“ဉာဏ်တော် အမြင့် ၈၁
ပေရှိတဲ့ ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက် ဆစ် ရုပ်ပွားတော်မြတ်ကြီးတည်ထား ကိုးကွယ်မှာ
ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ မြန်မာနိုင်ငံမှာ ထေရဝါ ရ ဗုဒ္ဓဘာသာ သာသနာတော် ထွန်း
လင်း တောက်ပလျက် ရှိကြောင်း ကမ္ဘာကို ပြသဖို့၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေဖို့၊
ရုပ်ပွားတော်မြတ် ကြီးကို ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်
စည်းကားမှု အထောက်အကူ ဖြစ်စေ ဖို့၊ နိုင်ငံ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ ဖို့တို့ပဲ
ဖြစ်ပါတယ်” ဟု ဗိုလ်မှူး ချုပ်
ဇော်မင်းထွန်းက မီဒီယာ များသို့ ပြော ဆိုခဲ့သည်။
အဆိုပါ တည်ထား ကိုးကွယ်
မည့် ရုပ်ပွားတော်သည် ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များ တွင် ကမ္ဘာ့အကြီးဆုံး
ကျောက်ဆစ် ရုပ်ပွားတော် ဖြစ်လာမည်ဖြစ်ပြီး ဆင်း တုတော်ကြီးအား ထုဆစ်မည့် စကျင် ကျောက်တော်များသည်
ရန်ကုန်မြို့၊ အင်းစိန် မင်းဓမ္မကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် လော က ချမ်းသာ
အဘယလာဘမုနိ ကျောက်တော်ကြီး ဘုရား၏ စကျင် ကျောက်တော်များ ထွက်ရှိရာ စကျင် ကျောက်တောင်၏
မြောက်ဘက်မှာ ထွက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း ကျောက်တော်များကို
စ တင်ကျောက်တောင်မှ နေပြည်တော် အထိ ရေယာဉ်၊ မော်တော်ယာဉ်များ ကို အသုံးပြု၍ အဆင့်ဆင့်ပင့်ဆောင်
မည်ဖြစ်ပြီး ဆရာတော် ဘုရားကြီး များ၏ သြဝါဒကိုခံယူကာ တည်ထား ကိုးကွယ် သွားမည်ဖြစ်ကြောင်း
၎င်း ဆက်လက်ပြောဆိုခဲ့သည်။
.
အဆိုပါ ဆင်းတုတော်ကြီး၏
အ ကြီးဆုံး အစိတ်အပိုင်းသည် အလေး ချိန် ၉၇၀ တန် ရှိပြီး အလျား ၆၃ ပေ၊ အနံ ၁၂ ဒသမ ၈
ပေ ရှိကာ၊ တန်ချိန် တစ်ထောင် သယ်ယူနိုင်သော မော် တော်ယာဉ်များဖြင့် သယ်ယူမည်ဖြစ် ပြီး
သယ်ယူခြင်း လုပ်ငန်းများကို ဇူ လိုင်လတွင် စတင် ဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်တွင် အပြီး တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်
ရှိကြောင်း သိရ သည်။
.
No comments:
Post a Comment