မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မန်စံကျေးရွာဘုန်းတော်ကြီးကျောင်းသို့
ဇွန်လ ၂၃ ရက်က တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်သည့် ဒေသခံ တိုက်ပွဲရှောင် ၂၀၀ ကျော်
ရောက်ရှိခိုလှုံနေကြကြောင်း သိရသည်။
.
![]() |
Photo – Dr. Myo Thant Zaw
|
.
“မန်ဟောင်ဘုန်းကြီးကျောင်းမှာပါ။ နားကျဲ၊ နားကျိုင်း၊
ပိန်းလုံရွာတွေက တိုက်ပွဲဖြစ်မှာစိုးလို့ ရှောင်လာကြ တာပါ။ အားလုံး ၂၀၀ ကျော်ပါတယ်”
ဟု နမ္မတူမြို့နယ်မှ တအာင်းပလောင်အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ
ဦးအိုက်ထိုင်းက ပြောသည်။
တိုက်ပွဲရှောင် ရောက်ရှိလာသည့် ဒေသခံများမှာ နားကျဲရွာမှ
အိမ်ထောင်စု ၂၇ စု၊ ကျား ၁၈ ဦး၊ မ ၆၀ ဦး၊ စုစုပေါင်း ၇၈ ဦး၊ နားကျိုင်းကျေးရွာမှ
အိမ်ထောင်စု ၁၇ စု ၊ကျား ၂၄ ဦး၊ မ ၅၃ ဦး စုစုပေါင်း ၇၇ ဦး၊ ပြိန်းလုံ ရွာမှ
အိမ်ထောင်စု ၁၅ စု၊ ကျား ၂၂ ဦး၊ မ ၂၉ ဦး၊
စုစုပေါင်း ၅၁ ဦး၊ စုစုပေါင်းအိမ်ထောင်စု ၅၉ စု၊ လူဦးရေ ၂၀၆ ဦး
တို့ဖြစ်ကြကြောင်း နမ္မတူတိုက်နယ်ဆေးရုံမှ ဒေါက်တာမျိုးသန့်ဇော် ထံက သိရသည်။
.
“တိုက်ပွဲတော့ ဖြစ်တယ်လို့ မသိရသေးဘူး။ တိုက်ပွဲဖြစ်မှာစိုးလို့
ရွာအချို့ကလူတွေ ရှောင်ကြတယ်လို့တော့ သိရတယ်” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်
(RCSS/SSA) ပြောရေး ဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းအုဏ်းခေးက
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အလားတူ TNLA ပြောရေးဆိုခွင့်ရှိသူ
ဗိုလ်မှူး မိုင်းအိုက်ကျော်ကလည်း “အရင်ကတည်းက ကျွန်တော်တို့ တပ်တွေရှိနေ တာပါ။ RCSS/SSA
က လှုပ်ရှားလာလို့ လူထုက စိုးရိမ်ကြတာပါ။ တိုက်ပွဲတော့ မဖြစ်ပါဘူး” ဟု
ပြောဆိုခဲ့သည်။
.
ယင်းဒေသတွင် RCSS/SSA တပ်ဖွဲ့များမှ
ပန်လုံအရှေ့ရပ် ၁ မိုင်ခန့်အကွာတွင် အင်အားဖြည့်ထားပြီး ယင်းအဖွဲ့၏ အရှေ့ဘက် ၃
မိုင်အကွာရှိ နမ့်မှီချောင်းတွင် TNLA နှင့် SSPP/SSA
အင်အား ၁၀၀ ခန့် ရောက်ရှိ အခြေပြုထားကာ နားပုံ-ပြိန်းလုံ အရှေ့ဘက်၌ TNLA
တပ်ပေါင်းစုမှ အင်အား ၁၀၀ ကျော် တပ်ဖြန့်ထားပြီး နားဆိုင်း-ပန်ချင်-လုပ်လေ-
သေညောင်ဆွယ်၊ နားမတ် ကားလမ်း တောင်ဘက်အခြမ်း၌ TNLA တပ်ပေါင်းစု များ
တောင်ဘက်သို့ လှုပ်ရှားနေကာ ဇွန်လ ၂၄ ရက်၊ ညနေပိုင်းက နမ္မတူမြို့နယ်
မုန်းရင်ဒေသဘက်မှ နားကျဲတံတားကားလမ်းအထိ ဖြတ်ကူးလာပြီး RCSS/SSA တပ်ဖွဲ့၏ ပိတ်ဆို့မှုများ ရှိနေကြောင်း သိရသည်။
.
ထို့အတူ နမ္မတူမြို့နယ် ရေအိုးကျေးရွာအတွင်းသို့
TNLA တပ်ဖွဲ့များ ရောက်ရှိ နေပြီး RCSS/SSA ချောင်းဆာ-ပန်ကိုင်အဖွဲ့မှ ရေအိုးရွာအတွင်းနှင့် အနီးသို့
ချည်းကပ်နေကြောင်းနှင့် နယ်မြေလှုပ်ရှား တပ်မတော်စစ်ကြောင်းများ အနေဖြင့်
ပန်ကိုင်-နမ့်မိုး-ချောင်းဆာ၌ တည်ရှိနေကြောင်း သိရှိရသည်။
.
အဆိုပါ တိုက်ပွဲရှောင်များအား နမ္မတူမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးနှင့် မန်စံ ကျေးလက် ကျန်းမာရေးဌာန၊ အုပ်ချုပ်ရေးမှူးတို့က
ဆေးစိမ်ခြင်ထောင်၊ စောင်၊ ဆပ်ပြာ စသည်များ ကူညီ ထောက်ပံ့ခဲ့ပြီး မန်စံကျန်းမာရေးဌာနမှလည်း
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
No comments:
Post a Comment