မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် တစ်ဦး အား
ပါတီပုံရိပ် ကျဆင်းစေသည့် စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ် ဖောက်ဖျက်ကျူးလွန်သည်ဟု
ဆိုကာ မြို့နယ်ပါတီ ဥက္ကဋ္ဌမှ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်တိုင်တန်းမှု
ဖြစ်ပွားခဲ့သည်ဟု သိရ သည်။
.
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီဝင် ဦးမင်းဦးကို ပါတီမှ ချမှတ်ထားသည့် ပါတီကိစ္စရပ်များအား လူမှု ကွန်ရက် ပေါ်တွင်
မတင်ရန် စည်းကမ်းချက်နှင့် ပြောရေးဆိုခွင့်မရှိဘဲ မီဒီယာသို့ အင်တာဗျူးဖြေကြားခြင်း၊
မဟုတ်မှန်သည့် အချက်များကို ဒီမိုမင်း အကောင့်ဖြင့် လူမှုကွန်ရက်တွင် ရေးသားခြင်း စသည့်အချက်များဖြင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ နမ့်စန်မြို့နယ် ဥက္ကဋ္ဌ ဦးနေဇော်နိုင်က နမ့်စန်မြို့မရဲစခန်းတွင်
အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှေ့မှာလည်း
စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်လို့ ၅ ကြိမ်လောက် မြို့နယ် EC က ခေါ်ယူပြီး သတိပေး ထားပါတယ်။
သူအင်တာဗျူးဖြေတာတွေဟာ မမှန်ကန်တဲ့ အချက်အလက်တွေ ဖြစ်တဲ့အပြင် ပါတီပုံရိပ် ကျဆင်းစေတာဖြစ်လို့
မြို့နယ် အလုပ်အမှုဆောင်အစည်းအဝေးက ဆုံးဖြတ်ပြီး ခုလို အမှုဖွင့်တိုင်ကြားရခြင်း ဖြစ်ပါတယ်။
ဒါတောင် စခန်းမှူး က သူနဲ့ ညှိနှိုင်းပြီး အဆင်ပြေအောင် တောင်းပန်လုပ်ဆောင်ပါလို့ အကြံပြု တာကို
လက်မခံဘူး။ ဒါကြောင့် ၆၆ (ဃ) နဲ့ အမှုဖွင့်ရခြင်းဖြစ်ပါတယ်” ဟု ဦးနေဇော်နိုင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ဦးမင်းဦးသည်
ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က သတင်းဌာနတစ်ခုနှင့် အမေးအဖြေ ပြုလုပ်ရာတွင် ကိုယ် စားလှယ်လောင်း
လျှောက်လွှာ ရရှိရန် ခက်ခဲကြောင်း၊ မြို့နယ်တာဝန်ခံသို့ မေးမြန်းရာတွင် မသိဘူး ဟုသာ
ဖြေကြားကြောင်း၊ သို့အတွက် မိတ်ဆွေတစ်ဦးမှ အခြားမြို့နယ်မှ ရယူရကြောင်း၊ ကိုယ်စားလှယ်လောင်း လျှောက်လွှာ
တောင်းခံရ ခက်ခဲခြင်းသည် ၎င်းတို့မှ လွဲ၍ ကျန်သူများ ကိုယ်စားလှယ်လောင်း ဖြစ်မည်ကို
ကြောက်သည့်သဘောဟု ပြောဆိုခဲ့ ကြောင်း၊ ဗဟို၏ တိကျသည့် လမ်းညွှန်ချက်များကို မြို့နယ်ဥက္ကဌမှ
သွေဖီပြီးလုပ်ဆောင်နေကြောင်း၊ မြို့နယ် EC များကိုလည်း သူ့ဩဇာခံများဖြင့်သာ ဖွဲ့စည်းထား
ကြောင်း၊ မြို့မိမြို့ဖရွေးချယ်ရာတွင်လည်း ပါတီဝင်များမှ မသိရ ကြောင်း။ မြို့မှာမပြောင်းလဲသေးကြောင်း
မြို့နယ်ဥက္ကဌ ပြောင်းမှသာ တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားချက် များနှင့် စပ်လျဉ်း၍
NLD ပါတီ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ရည်ရွယ်ချက်ရှိရှိဖြင့်
သတင်းမှားများကို သတင်းဌာနသို့ ဖြေဆိုခဲ့ပြီး လူမှု ကွန်ရက်တွင် ရေးသားခဲ့သည့်အတွက်
အမှုဖွင့်တိုင်တန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆို ခဲ့သည်။
.
ထို့အပြင် ဦမင်းဦး၏
အင်တာဗျူးပြောကြားချက်များနှင့် ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများမှာ လုံးဝမှန်ကန်မှုမရှိကြောင်းနှင့်
၎င်း၏ပြောကြားချက်များအား တစ်ချက်ချင်း ဖြေရှင်းထားသည့် တိုင်စာဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး
ပါတီစည်းကမ်းအကြိမ်ကြိမ်ဖောက်ဖျက်သူ ဦးမင်းဦးအပါအဝင် ၂ ဦးကိစ္စအား ပါတီဗဟို အလုပ်အမှုဆောင်
ဦးအောင်ကြည်ညွန့်ထံသို့ ဇွန်လ ၁၈ ရက်ကတင်ပြထားပြီးဖြစ်သလို ယခု ဇွန်လ ၂၈ ရက်တွင် လည်း
စာဖြင့် အသေးစိတ်တင် ပြကာ အရေးယူဆောင်ရွက်ပေးပါရန် တင်ပြထားကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ကိစ္စနှင့်
ပတ်သက်၍ အမှုဖွင့်တိုင်ကြားခံရသူ ဦးမင်းဦးအား ကမ္ဘောဇတိုင်းမှ ဆက်သွယ် မေးမြန်းရာတွင်
“စခန်းကတော့ FB အကောင့်တောင်းလို့ ပေးထားပါတယ်၊ အမှန်အမှားဆိုတာက စစ်ဆေးရင်ပေါ်မှာဖြစ်ပါတယ်။
မှန်လို့ ပြောခြင်းဖြစ်တဲ့အတွက် ပြောရေးဆိုခွင့်ရှိမရှိ ဆိုစရာမရှိပါဘူး။ ကျွန်တော်ကလည်း
အောက်ခြေမှာဖြစ်ပျက်နေတာတွေ၊ ဗဟိုသိအောင် ၂၆ ရက် က စာပေးပို့တာ ၂၉ ရက်မှာ ဗဟိုက လက်ခံရရှိပါပြီ၊
ဒီမှာဖြစ်ပျက်နေတာတွေလဲ ဗဟိုကအမှန်သိကြပါတယ်`ဟု ၆၆(ဃ) ဖြင့် အမှုဖွင့်ခံရသူ ဦးမင်းဦး
ကပြောသည်။
.
ယင်းကိစ္စအား
နမ့်စန်မြို့မရဲစခန်းမှ (ပ) ၄၃/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ဇွန်လ ၁၈ ရက်က
အမှုဖွင့်လှစ်ထားကြောင်း နမ့်စန်မြို့မရဲစခန်းမှူး
ဒုရဲမှူး စိုးမိုးထွန်းထံက သိရသည်။
.
No comments:
Post a Comment