တာချီလိတ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်နယ်စည်ပင်ဝန်ကြီး မပါဝင် - Kanbawza Tai News

Breaking

Friday, June 19, 2020

တာချီလိတ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်နယ်စည်ပင်ဝန်ကြီး မပါဝင်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အဆင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာ ပြန်လည် ရွေးချယ်ခံရပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း အပါအဝင် ကျန် လွှတ်တော် ကိုယ်စားလှယ်များ ရွေးချယ်ခံရခြင်း မရှိကြောင်း သိရသည်။
.
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ တာချီလိတ်မြို့နယ်ရုံးတွင် ဇွန်လ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲတွင် လက်ရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်တင့် တစ်ဦးသာ ပြန်လည်ရွေးချယ် ခံရပြီး ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းတို့ ရွေးချယ်ခံရခြင်း မရှိကြောင်း သိရသည်။
.
(ဓါတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်)
အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်ထားသူများကို NLD ပါတီမှ ရွေးချယ်ထားသည့် မြို့မိ၊ မြို့ဖ ၅ ဦး၊ မြို့နယ်အလုပ်အမှုဆောင် ၁၆ ဦး၊ အမျိုးသမီးရေးရာကော်မတီမှ ကိုယ်စားလှယ် ၂ ဦးနှင့် လူငယ်ရေးရာ ကော်မတီမှ ကိုယ်စားလှယ် ၂ ဦးတို့က မဲပေး ရွေးချယ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျွန်တော်က ၈ မဲ ကျန်သူတွေ က ၄ မဲစီ ရကြပါတယ်။ ဒါက မပြီးသေးပါဘူး၊ နောက်ထပ်  ၄ ဆင့် ကျန်ပါသေးတယ်။ ပြည်နယ်၊ ဗဟို၊ သုတေသနနဲ့ ဗဟိုအစည်းအဝေးတွေကနေ ရွေးချယ်အတည်ပြုဖို့ ကျန်ပါသေးတယ်ဟု ရွေးချယ်ခံရသူ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
.
မဲပေးရွေးချယ်မှုအရ တာချီလိတ်နှင့် မိုင်းဆတ်ခရိုင် ပါဝင်သည့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် () အတွက် ဦးမျိုးမင်းသိမ်းက ဦးစားပေး()၊ ဒေါ်ဝါဝါခမ်းက ဦးစားပေး()၊ တာချီလိတ်မြို့နယ် ပြည်သူ့လွှတ်တော် အတွက် ဦးဝင်းစွမ်က ဦစားပေး ()၊ ဒေါ်အဲလစ်ဇဘက်က ဦးစားပေး()  ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ်() အတွက် ဦးရဲနီထွန်းက ဦးစားပေး()၊ ဦးစိုင်းရှဲန်တွီက ဦးစားပေး ()ရှမ်းပြည်နယ်လွှတ်တော် မဲဆန္ဒနယ် () အတွက် ဦးခင်မောင်တင့်က ဦးစားပေး ()၊ ဦးမိုးသက်ထွေးက ဦးစားပေး() အဖြစ် ရွေးချယ်ခံရကြောင်း သိရသည်။
.
၄ မဲစီ ၃ ယောက် တိုက်နေတာမှာ နာယက ဆုံးဖြတ်ချက်နဲ့ အမျိုးသား  လွှတ်တော်နေရာ ရွေးချယ်ခဲ့တာပါ။ ကျွန်တော့်အကို ပြည်နယ်ဝန်ကြီး ဦးစိုင်းစွံဆိုင်းလည်း ရွေးချယ် မခံရပါဘူးဟု ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်()မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။
.
တတိယအကြိမ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ၂၀၂ဝ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပရန် ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည့်အတွက် NLD ပါတီအနေဖြင့် မြို့မိမြို့ဖအပေါ် အခြေခံသည့် မြို့နယ်အဆင့် ရွေးကောက်ပွဲများကို စတင် ပြုလုပ်နေခြင်း ဖြစ်ပြီး နောက်ဆုံး အတည်ပြုခံရသူကို လွှတ်တော် ကိုယ်စားလှယ်လောင်း အနေဖြင့် အမည်စာရင်း တင်သွင်းသွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)