နမ့်ခမ်းတွင် ငွေကျပ် သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, June 20, 2020

နမ့်ခမ်းတွင် ငွေကျပ် သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ဇွန်လ ၁၉ ရက်၊ ညပိုင်းက ငွေကျပ် ၁၁၆၆ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ အား သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၁၉ ရက်၊ ည ၇ နာရီခွဲ အချိန်ခန့်က သတင်းအရ သက်သေများနှင့်အတူ နမ့်ခမ်းမြို့နယ်၊ နမ့်ခမ်း-မန့်ဝိန်းကြီးသွားကား လမ်း တွင် နမ့်ခမ်းမြို့ဘက်မှ မန့်ဝိန်းကြီးဘက်သို့ ဗန်းမော်မြို့၊ ရပ်ကွက်(၃)နေ ဇော်မြတ် ၃၁ နှစ် စီးနင်းမောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်အနောက်တွင် တင်ဆောင်လာသည့် ဝါးခြင်းတောင်းများ အတွင်းရှိ ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၅ ဒသမ ၈၃ ကီလိုဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၁၁၆ သိန်းအား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိသူအား နမ့်ခမ်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)