နောင်ချိုတွင် မူးယစ်စိတ်ကြွဆေးပြား ၁၇၀၀၀ အား သယ်ဆောင်လာသူ အမျိုးသမီး ၂ ဦးနှင့်အတူ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 3, 2020

နောင်ချိုတွင် မူးယစ်စိတ်ကြွဆေးပြား ၁၇၀၀၀ အား သယ်ဆောင်လာသူ အမျိုးသမီး ၂ ဦးနှင့်အတူ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် ဇွန်လ ၂ ရက် ညနေပိုင်းက မူးယစ်စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၀၀ ပြားအား သယ်ဆောင်လာသူ အမျိုးသမီး ၂ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေး သွားပြည်ထောင်စု ကားလမ်းတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ကွတ်ခိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသည့် အငှားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ တာမိုးညဲမြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ နောင်ကျိုကျေးရွာနေ ခရီးသည် မခေါန်ဂျာ (၃၃ နှစ်)နှင့် ၎င်း၏ညီမဖြစ်သူ မုံးစီးကျေးရွာအုပ်စု၊ လွမ်းခေါင်ကျေးရွာနေ ခရီးသည် မလုလုပန် (၂၀ နှစ်)တို့အားတွေ့ရှိပြီး ယာဉ်အမိုးပေါ်တွင် ၎င်းတို့တင်ဆောင်လာသောမော်တော်ဆိုင်ကယ် အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀၀၀ ပြား၊ ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၃၄၀ သိန်းနှင့် ငွေကျပ် တစ်သိန်းခွဲတို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သယ်ဆောင်လာသူ အမျိုးသမီး ၂ ဦးအား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About