နိုင်ငံရေးပါတီများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ NBF မှ ကော်မရှင်သို့ အကြံပြုစာ ပေးပို့ - Kanbawza Tai News

Breaking

Wednesday, June 24, 2020

နိုင်ငံရေးပါတီများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ NBF မှ ကော်မရှင်သို့ အကြံပြုစာ ပေးပို့

မင်းဇော်မင်း
.
တိုင်းရင်းသားနိုင်ငံရေးပါတီအချို့ဖြင့် ဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) မှ နိုင်ငံရေးပါတီများ ကြုံတွေ့နေရသည့် အခက်အခဲနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဇွန်လ ၁၉ ရက်က အကြံပြုစာ ပေးပို့ထားသည်ဟု သိရသည်။
.
 .
အဆိုပါ အကြံပြုစာတွင် ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ် လာသည်နှင့် အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပွင့်လင်းမြင်သာမှုမရှိသည့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များကြောင့် နိုင်ငံရေးပါတီများ ကြိုတင်ပြင်ဆင်လုပ်ဆောင်ရန် အခက်အခဲများစွာ ကြုံ တွေ့နေရပါကြောင်း၊ ယနေ့ ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံ တစ်ဝှမ်းရှိ မဲဆန္ဒနယ်မြေအားလုံးတွင် ရွေးကောက်ပွဲမကျင်းပဘဲ အထူးသဖြင့် တိုင်းရင်းသားဒေသမဲဆန္ဒနယ် များကို အကြောင်းတစ်ခု မဟုတ် တစ်ခု ပြလျက်ချန်လှပ်ထားမည်ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း၊ သို့ဖြစ်၍ NBF အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည့် မြို့နယ်အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပ ပေးရန်၊ အကြိုစည်းရုံးရေးကာလနှင့် ရွေးကောက်ပွဲကာလ များတွင် ငြိမ်းချမ်းရေးအတွက် အစိုးရ၊ တပ်မ တော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် တာဝန်ရှိသူများအားလုံး အလေးအနက်ထား ညှိနှိုင်း ဆောင်ရွက် ကြရန်၊ လက်ရှိ COVID-19 ရောဂါ ဖြစ်ပွားနေမှု အခြေအနေအရ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလကို အနည်းဆုံး ရက်ပေါင်း ၉၀ ခွင့်ပြု သတ်မှတ်ပေးရန်၊ မဲဆွယ်ကာလအပါအဝင် နိုင်ငံရေးပါတီများကို ဘာသာရေး အဆောက်အဦ များတွင် သက် ဆိုင်ရာဘာသာရေး အဖွဲ့အစည်းများ၏ သဘောတူညီချက်ဖြင့် ပြုလုပ်ခွင့်ပေးရန် စသည်တို့ကို ဖော်ပြ ထား သည်။
.
“တိုင်းရင်းသားနယ်မြေတွေမှာ ဘာသာရေးအဆောက်အဦက အဓိကပါ၊ အစိုးရဌာနဆိုင်ရာအဆောက်အဦ တွေ၊ ဘာသာရေးအဆောက်အဦတွေမှာ စည်းရုံးရေးမပြုလုပ်ရဘူးဆိုရင် တိုင်းရင်းသားပါတီတွေက ဘယ်မှာ သွားလုပ်ရမလဲ။ ဒါကို ထောက်ပြတာပါ။ ပြီးတော့ COVID-19 မဲဆွယ်ခွင့်က လူစုလူဝေးအပေါ် အခြေခံတဲ့ နိုင် ငံရေးလှုပ်ရှားမှုကို ကန့်သတ်တာဖြစ်လို့ လူအများနဲ့ ထိတွေ့ခွင့်မရရင် အကြိမ်များများလိုပါတယ်။ ဒါကြောင့် အနည်းဆုံး ရက် ၉ဝ လို့ တောင်းဆိုခြင်းဖြစ်ပါတယ်” ဟု ဖက်ဒရယ်ယူနီယံပါတီ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ပြောသည်။
.
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ကို ၂၀၁ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၁၀ ရက်က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခင်က တိုင်းရင်းသားပါတီ ၂၄ ပါတီ ဖြင့် ဖွဲ့စည်းလုပ်ဆောင် ခဲ့သော်လည်း တိုင်းရင်းသား ပေါင်းစည်းပါတီအနေဖြင့် ၅ ပါတီ သီးခြားဖြစ်သွားသည့် အတွက်လည်းကောင်း၊ “ဝ”တိုင်းရင်းသားပါတီ ၃ ခု ပူးပေါင်းထားသည့် “ဝ”အမျိုးသားပါတီမှာ အဖွဲ့အတွင်း ဆက်လက်တည်ရှိ/မရှိ ယခု COVID-19 ကာလအတွင်း အစည်းအဝေးပြုလုပ်ရခြင်းမရှိသေးသည့်အတွက် တိကျစွာ မပြောနိုင် သေးသဖြင့် လက်ရှိတွင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၆ ပါတီဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
.
အလားတူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီပေါင်း ၃၀ ခုတို့ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခွင့်ရရန်အတွက် ဇွန်လ ၁၆ ရက်က စုပေါင်း လက်မှတ် ရေးထိုး တင်ပြတောင်းဆို ထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)