မိုင်းယောင်းတွင် ငွေကျပ် ၇ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

Saturday, June 27, 2020

မိုင်းယောင်းတွင် ငွေကျပ် ၇ သိန်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

စိုင်းယောင်းခမ်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဇွန်လ ၂၇ ရက် ညနေပိုင်းက ငွေကျပ် ၇ သိန်း ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ မိုင်းယောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၇ ရက်၊ ညနေ ၃ နာရီခန့်က မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာ အုပ်စု၊ ဝမ်ဟိုနား ကျေးရွာနေ ဦးနွဲ့လှိုင်း နေအိမ်အား ဝင်ရောက်စစ်ဆေးရာ ၎င်းလွယ်ထားသည့် အညို​ရောင် လွယ်အိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၇၃၀ ပြား၊ အလေးချိန် ၇၃ ဂရမ်၊ တန်ဖိုး ၇၃၀၀၀၀ ကျပ်နှင့် ဖြူညိုရောင်ပိုက်ဆံအိတ်အတွင်း မြန်မာကျပ်ငွေ ငွေစက္ကူရောရာ ၇၀၀၀၀ ကျပ်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် အတူ ဖမ်းဆီးရမိသူ ဦးနွဲ့လှိုင်း (၆၀ နှစ်) အား မိုင်းယောင်းမြို့မ ရဲစခန်းက မယ(ပ) ၁၁/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)