မိုင်းယောင်း၌ ကြာဖူး၊ ကြာပန်း ရောင်းချသူများ အပိုဝင်ငွေ ရရှိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

မိုင်းယောင်း၌ ကြာဖူး၊ ကြာပန်း ရောင်းချသူများ အပိုဝင်ငွေ ရရှိ

စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ဒေသထွက် ကြာဖူး၊ကြာပန်းများ တစ်ပိုင် တစ်နိုင် ဝယ်ယူရောင်း ချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိနေ ကြောင်း သိရသည်။
.
 
.
“ကျွန်မတို့ ရောင်းတဲ့ ကြာဖူး၊ ကြာပန်းက မိုင်းယောင်း ဒေသက ထွက်တဲ့ ကြာဖူး၊ ကြာပန်း ဖြစ်ပါ တယ်။ မိသားစု အပို ဝင်ငွေ ရအောင် မြို့တွင်းကို လှည့်လည် ရောင်းပါ တယ်”ဟု ကြာဖူး ကြာပန်း ရောင်းသူ အမျိုး သမီး တစ်ဦးက ပြောသည်။
.
ထိုသို့ ရောင်းချရာတွင် ကြာဖူး ၅ ဖူးပါ တစ်စီးလျှင် ၅၀၀ ကျပ်နှင့် ကြာ ဖူးအကြီး ၄ ဖူးပါ တစ်စီးလျှင် ၅၀၀ ကျပ် နှုန်းဖြင့် ရောင်းချရပြီး တစ်ရက် လျှင် ကြာဖူးရောင်းချမှုမှ အမြတ်ငွေ ကျပ် ၅၀၀၀၀ ခန့် ရရှိကြောင်း ၎င်း က ဆက်လက် ပြောဆိုခဲ့သည်။
.
မိုင်းယောင်းတွင် ကြာဖူးကြာပန်း များကို ဘုရားပန်းကပ်ရန်၊ ကြာစေ့ကို ရာသီစာအဖြစ် စားသုံးရန် ဝယ်ယူ သူများပြားပြီး အထူးသဖြင့် ကြာစေ့ကို လူငယ်များ ကြိုက်နှစ်သက်စွာ ဝယ် ယူ စားသုံးကြသည့်အတွက် ကြာဖူး ကြာပန်း အရောင်းအဝယ်လုပ်ငန်းမှာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)