မိုင်းယောင်းမြို့အဝင်တွင် Landscape ရှုခင်းနေရာ ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းမြို့အဝင်တွင် Landscape ရှုခင်းနေရာ ပြုလုပ်

စိုင်းအောင်ဇော်လင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့အဝင်တွင် ပြည်သူများ အပန်းဖြေ အနားယူနိုင်ရေး အတွက် Landscape ရှုခင်းနေရာတစ်ခု ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

.

.

အဆိုပါ Landscape ရှုခင်းကို အမှတ် (၃၃၄) ခြေမြန်တပ်ရင်းနှင့် အမှတ် (၁) ရပ်ကွက်အကြားတွင် ပြုလုပ်နေခြင်း ဖြစ်ပြီး အရိပ်ရပင်များ၊ ပန်းအလှပင်များ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

.

ထို့အပြင် လမ်းလျှောက်သူများ၊ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်သူများအတွက် အားကစားပစ္စည်းများ ထားရှိ သွားမည့်အပြင် “Welcome to Mongyawng” စာတမ်းကိုလည်း ပြုလုပ်အလှဆင်သွားမည်ဖြစ်ကြောင်း မိုင်းယောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးထံက သိရသည်။

.

မိုင်းယောင်းမြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ အရှေ့ဘက်အကျဆုံး မြို့နယ်တစ်ခုဖြစ်ပြီး လာအိုနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြို့နယ်တစ်ခုဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats