စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌
မိုးစပါး ကောက်စိုက်ရာသီတွင် ကောက်စိုက် အငှားလိုက်သည့် အမျိုးသမီးများ နေ့စဉ် မိသားစု
အပိုဝင်ငွေ ရရှိနေလျက်ရှိကြောင်း သိရသည်။
.
.
မိုင်းယောင်းမြို့နယ်အတွင်း မိုးစပါးစိုက် တောင်သူများမှ အမျိုးသမီးများကို
ငှားရမ်းစိုက်ပျိုးခြင်းကြောင့် ကောက်စိုက်အငှားလိုက်သည့် အမျိုးသမီးများ နေ့စဉ် မိသားစုအပိုဝင်ငွေရရှိကာ
စီးပွားရေးအဆင်ပြေနေကြကြောင်း သိရသည်။
“COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါကြိုတင်ကာကွယ်ရေးနဲ့
စပါးအထွက်နှုန်းတိုးတက်ရေးအတွက် စိုက်နည်းစနစ် ပြောင်းလဲစိုက်ပျိုးနေရတဲ့အတွက် ကျွန်မတို့လို
ကောက်စိုက်အငှားလိုက်တဲ့ အမျိုးသမီးတွေကို ငှားရမ်းစိုက်ပျိုးကြပါတယ်” ဟု ကောက်စိုက်အငှားလိုက်
အမျိုးသမီးတစ်ဦးက ပြောသည်။
.
အဆိုပါ ကောက်စိုက်အငှားလိုက်သည့် အမျိုးသမီးတစ်ဦးကို အချိန်ပိုင်းဖြင့်
ငှားရမ်းပါက ၃ နာရီလျှင် ၇၀၀၀ ကျပ်နှုန်း ပေးဆောင်ငှားရမ်းရပြီး အချို့က တစ်ရက် ၂ ကြိမ်
ငှားရမ်းသည့်အတွက် ကောက်စိုက်အမျိုးသမီးများအဖို့ တစ်ရက်လျှင် ဝင်ငွေ ၁၄၀၀၀ ကျပ်ခန့်
အပိုဝင်ငွေ ရရှိနေကြခြင်းဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment