မိုင်းယောင်း၌ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာအဖြစ် ထွန်ယက် စိုက်ပျိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်း၌ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေသြဇာအဖြစ် ထွန်ယက် စိုက်ပျိုး

စိုင်းအောင်ဇော်လင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာ အဖြစ် အသုံးပြုကာ ထယ်ထိုးထွန်မွှေ မြေမြှုပ်ခြင်း လုပ်ငန်းကို ဇွန် ၁၁ ရက် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

.

.

မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် ပိုက်ဆံလျှော် စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုခြင်းကို ယခင်နှစ်များက စမ်းသပ် စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးခြင်းဖြစ်ကြောင်း မိုင်း ယောင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာ နမှူး ဦးကျော်ကျော်မိုးထံက သိရ သည်။

.

တောင်သူတွေက ဓာတုဓာတ် မြေဩဇာတွေကို အသုံးပြုနေကြတဲ့ အတွက် နှစ် ကြာလာတဲ့အခါ လယ် မြေတွေ ပျက်စီးတတ်ပါတယ်။ ထွက် လာတဲ့ သီးနှံတွေလည်း ဓာတုဓာတ် ကြွင်းပါရှိတယ်။ ဒါကြောင့် စပါး ရိတ်သိမ်းပြီးချိန်မှာ ပိုက်ဆံလျှော်စိုက် ပျိုးပြီး သဘာဝ မြေဩဇာအဖြစ် အ သုံးပြုနိုင်အောင် တောင်သူပညာပေး ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာ ပါ”ဟု ဦးကျော်ကျော်မိုးက ပြော သည်။

.

ပိုက်ဆံလျှော်ကို မိုးစပါးရိတ် သိမ်းပြီး ဧပြီလအတွင်း မိုးကျပြီးသည် နှင့် စတင်စိုက်ပျိုးပြီး ၄၅ ရက်သား တွင် အဖူးအပွင့် စုံပြီဖြစ်၍ ထယ်ထိုး ထွန်မွှေ မြေမြှုပ်ခြင်းကို ပြုလုပ်ကာ ထယ်ထိုးထွန်မွှေ မြေမြှုပ်ခြင်း ပြု လုပ်ပြီး တစ်လကြာပါက စပါး စိုက် ပျိုးနိုင်ကြောင်း သိရသည်။

.

အဆိုပါ သစ်စိမ်း မြေဆွေးဖြင့် စိုက်ပျိုးသည့် စပါးမှာ အရည်အသွေး ပိုမို ကောင်းမွန်သည့်အပြင် စပါး အ ထွက်နှုန်း သိသိသာသာ မများသော် လည်း တစ်ဧကလျှင် အနည်းဆုံး ၅ တင်းအထက် အထွက်တိုးသည့်အ တွက် ဓာတု ဓာတ်မြေဩဇာ အသုံးပြု ရန် မလိုတော့သဖြင့် စိုက်ပျိုး စရိတ် လည်း သက်သာကြောင်း တောင်သူ များထံက သိရသည်။

.

Journal Download

Photo of three cats