စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်
အ တွင်းရှိ ကျွဲကောသီးစိုက် တောင်သူ များအနေဖြင့် ကျွဲကောသီး စိုက်ခင်း အတွင်း ငရုတ်ညှပ်စိုက်၍
တစ်ကြိမ် စိုက် ၂ သီးစားကာ အပို ဝင်ငွေရ၍ အဆင်ပြေလျက် ရှိကြောင်း သိရ သည်။
.
.
မိုင်းယောင်းမြို့နယ်တွင် ဒေသ ၏ရာသီဥတုနှင့် ကိုက်ညီပြီး အသီး
များ၍ ဈေးကောင်းရရှိသော မိုင်း ယောင်း ဒေသမျိုး မိုးထောင်ငရုတ် (အစပ်)ကို ကျွဲကောသီး
စိုက်ခင်းများ တွင် ကြားညှပ်စိုက်ပျိုးသည့်ပြင် လယ်ကန်သင်း ဘေးများတွင်လည်း စိုက်ပျိုးကြကြောင်း
သိရသည်။
မိုးထောင်ငရုတ် တစ်ပင်လျှင် အ ဆုပ် ၃၀ မှ ၄၀ ခန့်သီးပြီး တစ်ဆုပ်
လျှင် ငရုတ်သီးတောင့် ၁၅ တောင့်ခန့် သီးကြောင်း သိရသည်။
.
အဆိုပါ မိုးထောင်ငရုတ်သီးများ ကို တစ်ကီလို ကျပ် ၂၀၀၀ ဈေးနှုန်းဖြင့်
ရောင်းချရပြီး တာချီလိတ်၊ ကျိုင်းတုံ ဈေးကွက် များသို့ လည်း တင်ပို့ရောင်း ချလျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment