မိုင်းယောင်းတွင် ရိုးရာကြိမ်ထိုင်ခုံ ပြုလုပ် ရောင်းချသူ နည်းပါးလာ

စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီ လိတ်ခရိုင်၊ မိုင်းယောင်း မြို့နယ်တွင် လက်လုပ်ကြိမ်ထိုင်ခုံများ ဝယ်ယူသူ နည်းပါခြင်းကြောင့် ရိုးရာ ကြိမ် ထိုင်ခုံ ပြုလုပ်ရောင်းချသူ နည်းပါးလာနေ ကြောင်း သိရသည်။
.

.
ကြိမ်ထိုင်ခုံ တစ်လုံးရဖို့ အဆင့်ဆင့် အချိန်ယူပြုလုပ်ရပြီး တစ်ရက် ကို ၄/၅ လုံးလောက်ပဲ ပြီးပါတယ်။ ပြု လုပ်ပြီးတဲ့ ကြိမ်ထိုင်ခုံ တွေကို ကျေး ရွာအထိ လာရောက် သယ်ယူသူတွေ ရှိပါတယ်ဟု ရိုးရာကြိမ်ထိုင်ခုံ ပြု လုပ်သူ ဦးအိုက်ကောက်က ပြော သည်။
.
အဆိုပါ ရိုးရာ ကြိမ်ထိုင်ခုံ တစ်လုံး လျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်း ချခြင်း ဖြစ်ပြီး ၃ လုံး ဝယ် ယူလျှင် ၁၃၀၀၀ ကျပ်ဖြင့် ရောင်း ချပေး ကြောင်း ၎င်းထံက သိရ သည်။
.
ယခုအခါ မိုင်းယောင်းမြို့နယ် တွင် ပလတ်စတစ် ထိုင်ခုံများကိုသာ ဝယ်ယူ အသုံးပြုနေကြသဖြင့် လက် လုပ်ကြိမ်ထိုင်ခုံများ ဝယ်ယူအသုံးပြု သူ နည်းလာပြီး ရိုးရာကြိမ် ထိုင်ခုံ ပြုလုပ်၍ ရောင်းချသူ နည်းပါးလာ ကြောင်း သိရသည်။
.

Comments