မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တွင်
စည်ပင်သာယာရေးဌာနပိုင် အမှိုက်သိမ်းယာဉ်မှ ဘက်ထရီ ၂ လုံး ဖြုတ်ခိုးယူသူများကို ဇွန်လ
၂၅ ရက်က နေ့ချင်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
.
.
“သတင်းရတာနဲ့ တန်းလိုက်တာ နမ့်တုံချောင်းဘေးမှာ ဖမ်းမိခဲ့ပါတယ်”
ဟု မိုင်းတုံမြို့မရဲစခန်းမှူး ဒုရဲမှူး ကိုကိုဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
မိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ
ဦးမြင့်နိုင်ဦးသည် ဇွန်လ ၂၅ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်ခန့် က နေအိမ်တွင် ရှိနေစဉ်
ကားဂိုဒေါင်အတွင်း ရပ်ထားသည့် မြို့နယ်စည်ပင်သာယာရေးဌာန ပိုင် Dong Feng အမျိုး အစားမော်တော်ယာဉ်၌ တပ်ဆင်ထားသည့် ၁၂ ဗို့ ဘက်ထရီ ၂ လုံးအား လူ ၂ ဦးမှ
ဖြုတ်ခိုးနေသည်ကို စည်ပင်ဝန်ထမ်း ဦးစိုးမောင်မှ တွေ့ရှိပြီး အော်ဟစ်အကူအညီတောင်းခံသံ
ကြားရသဖြင့် ကြည့်ရှုရာ ဘက်ထရီအိုး ၂ လုံးအား ဂိုဒေါင်အနီး မြေပြင်တွင် ချထားခဲ့ပြီး
ခိုးယူသူ ၂ ဦးမှာ ရုံးအုတ်တံတိုင်း ကိုကျော်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ အဆိုပါ ဘက်ထရီအိုး ခိုးယူသူများအား လိုက်လံစုံစမ်းရာမှ
မောင်ညိုလေး (ခ) စုနောင့် (၂၅ နှစ်) ကို ကွက်သစ် ဘက်မှ ဆင်းလာစဉ် ညနေ ၃ နာရီအချိန်တွင်
ဖမ်းဆီးရမိခဲ့ပြီး စစ်မေးခဲ့ရာ ၎င်းနှင့်အတူ အဲယို (ခ) ဝင်းမင်းထွန်း (၂၀ နှစ်) တို့
ပူးပေါင်းကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်
အဲယို(ခ) ဝင်းမင်းထွန်း ကို နမ့်တုံချောင်းဘေးတွင် ညနေ ၃ နာရီခွဲအချိန်ခန့်၌
ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ မိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနပိုင်
အမှိုက်သိမ်းယာဉ်မှ တစ်လုံးလျှင် ကျပ် ၁၇၀၀၀၀ တန်ဖိုး ရှိ ဘက်ထရီအိုး ၂ လုံးအား ဖြုတ်ခိုးရန်
ကြံစည်သူ မောင်ညိုလေး(ခ) စုနောင်နှင့် အဲယို (ခ) ဝင်းမင်းထွန်းတို့ ၂ ဦးအား
မိုင်းတုံမြို့မရဲစခန်းမှ (ပ)၁၇/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ ၆
(၁) ဖြင့်အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment