မူဆယ် (၁၀၅) မိုင်ရှိ နမ့်ခမ်းမြို့မ (ဌာနေ) ပြည်သူ့စစ်အဆောက်အဦအား လက်နက်ကိုင်များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 25, 2020

မူဆယ် (၁၀၅) မိုင်ရှိ နမ့်ခမ်းမြို့မ (ဌာနေ) ပြည်သူ့စစ်အဆောက်အဦအား လက်နက်ကိုင်များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ နမ့်ခမ်းမြို့မ (ဌာနေ) ပြည်သူ့စစ် အဆောက်အဦအား ယနေ့ ဇွန်လ ၂၅ ရက်၊ နေ့လယ်ပိုင်း လက်နက်ကိုင်အချို့မှ သေနတ်ဖြင့် လာရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
ဓါတ်ပုံ - သန့်ဇင်
 
.
“လာပစ်တာ ဟုတ်ပါတယ်။ လူတွေတော့ မထိမှန်ပါဘူး။ ခွေးတစ်ကောင်တော့ ထိပါတယ်” ဟု မူဆယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောသည်။
.
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်သူ လက်နက်ကိုင် ၃ ဦးသည် ဇွန်လ ၂၅ ရက်၊ နေ့လယ် ၂ နာရီခန့်က မော်တော် ဆိုင်ကယ် ဖြင့် ၁၀၅ မိုင်-ပန်ဆိုင်းလမ်း၊ အထက်တန်းကျောင်းခွဲ ကျောင်းလမ်းဘေးမှ ပန်ဆိုင်းမောင်းတံဂိတ် ရှောင်ကွင်းလမ်း ကြံခင်းကိုဖြတ်၍ ရောက်ရှိလာပြီး မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မြောက်ဘက်ရှိ နမ့်ခမ်းမြို့မ (ဌာနေ) ပြည်သူ့စစ် အဆောက်အဦီအား သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် လူထိခိုက်မှု မရှိသော်လည်း အဆောက်အဦအတွင်းရှိ ခွေးတစ်ကောင် သေနတ် ထိမှန် ခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် မေလ ၁၁ ရက်ကလည်း မူဆယ်မြို့အဝင် Oriental Highway တိုးလ်ဂိတ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူး ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About