မူဆယ်တွင် ​သေနတ် ၆ လက် အပါအဝင် ခဲယမ်းများနှင့် မူးယစ်​ဆေးများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Saturday, June 20, 2020

မူဆယ်တွင် ​သေနတ် ၆ လက် အပါအဝင် ခဲယမ်းများနှင့် မူးယစ်​ဆေးများ ဖမ်းမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ ဇွန်လ ၂၀ ရက်၊ နေ့လယ်ပိုင်း က အမျိုးသား ၂ ဦးအား သေနတ်မျိုးစုံ ၆ လက်အပါအဝင် လက်နက်ခဲယမ်းများ၊ လက်ပစ်ဗုံး များ၊ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
.
 
.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၂၀ ရက်၊ နေ့လယ်ပိုင်းက မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ ထွန်းလင်းအောင်နှင့် ယောဟန်တို့ ၂ ဦး၏ နေအိမ်အား ဝင်ရောက် စစ်ဆေးရှာဖွေရာ သြစတေးလျနိုင်ငံထုတ် ၉ မမပစ္စတို ကျည်အိမ်ပါ ၁ လက်၊ ကျည်အိမ်မပါ ၁ လက်၊ ၉ မမ ကျည် ၉ တောင့်၊ ၆ ဒသမ ၃၅ မမကျည် ၅၄ တောင့်၊ USA ထုတ် BRNO CZ ၆ ဒသမ ၃၅ မမပစ္စတို ကျည်အိမ်ပါ ၁ လက်၊ ကတ်တမင်း အဖြူရောင်အမှုန့် ၂၀ ဂရမ်ပါ ၂ ထုပ်၊ ကတ်တမင်း ၂၅ ဂရမ်ပါ ၁ ထုပ် M-22 သေနတ် ၃ လက်နှင့် ၎င်းကျည်အိမ် ၈ ခု၊ M-22 ကျည်အိမ်ဘောက်ဝိုင်း ၁ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ ၉ မမ ကျည်တောင့် ၆ တောင့်၊ RZL အိုင်ကွန် ၃ လုံး၊ ICE ဟုယူဆရသည့် အဖြူရောင်အထုတ် ၁၂ ထုပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
.
အဆိုပါ လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ များအား မူဆယ်မြို့မူးယစ် တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)