မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ဇွန်လ ၄ ရက်၊ မွန်းလွဲပိုင်းက
စားသုံးရန်မသင့်သော ပင်လယ်စာနှင့် အေးခဲ အသားများကို မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
.
“စားသုံးရန်မသင့်တဲ့ ပင်လယ်စာ၊ အေးခဲအသားတွေထဲက ဒီလအတွင်း ဖမ်းမိတာတွေကို
ဖျက်ဆီးတာပါ။ ကျန်တာ တွေလည်း စစ်ဆေးနေပါတယ်” ဟု မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းက ပြောသည်။
မူဆယ်ခရိုင်အတွင်း ဖမ်းဆီးရမိသည့် ကား ၇ စီးအနက် ၄ စီးတွင် တွေ့ရှိရသည့်
ယင်းစားသုံးရန်မသင့်သော ပင်လယ်စာ နှင့် အေးခဲအသားများကို ဖျက်ဆီးခြင်းဖြစ်ပြီး ကျန်ကားများကိုလည်း
စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းထံက သိရသည်။
.
အဆိုပါ ဖျက်ဆီးခဲ့သည့် ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ ငွေကျပ် ၃၀၆၉၀၀၀
တန်ဖိုးရှိပြီး ဇွန်လ ၄ ရက်၊ မွန်းလွဲ ၂ နာရီခန့်က မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ
သင်္ချိုင်းကုန်းတွင် မြေမြှုပ်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
No comments:
Post a Comment