မိုင်းဆတ်တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဆတ်တွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာအနီးတွင် ဇွန်လ ၁၈ ရက်၊ နံနက်ပိုင်းက မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးချက်လုပ်သည့် ဆက်စပ်ပစ္စည်းများနှင့် လက်နက်ခဲယမ်းမျိုးစုံ တို့ကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
 
.
တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၈ ရက် နံနက် ၉ နာရီကျော်က ပူနားကိုကျေးရွာ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ တောင်ယာတဲဟောင်းအနီးတွင် ခြုံထဲဝှက်ထားသည့် ဆာလာအိတ် ၆ အိတ်နှင့် ရေခဲပုံး ၁ ပုံး အား တွေ့ရှိသဖြင့် စစ်ဆေးရာ ပွိုင့်-၂၂ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၄ တောင့်၊ ၎င်းကျည်အိမ် ၁ ခု၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည်အိမ် ၁ ခု၊ ၁၂ ဗို့ကျည် ၄၆ တောင့်၊ အမ်-၂၂ ကျည် ၇၃ တောင့်၊ ၅.၅၆ ကျည် ၄၃ တောင့်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၉၀၀၀ ပြား၊ အချိုရည်ပုလင်း ၃၄လုံးအတွင်းမှ ဘိန်းဖြူအမှုန့် ဝ ဒသမ ၃၅ ကီလိုဂရမ်၊ မျောက်တံဆိပ်ပါ အနံ့ဆေးရည်ပုလင်း ၂၀ လုံးခန့်မှန်း ၈ လီတာခန့်၊ တံဆိပ်တုံးမျိုးစုံ ၃၇ ခုနှင့် မူးယစ် ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
.
ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းနေရာနှင့် အနီးတဝိုက်အား ထပ်မံရှာဖွေရာ ညနေ ၅ နာရီကျော်က တောင်ယာတဲတစ်လုံးအတွင်းမှ ၁၂ ဗို့ကျည် ၂၃ တောင့်၊ ၅.၅၆ ကျည် ၄၁ တောင့်၊ ၉ မမကျည် ၅၀ တောင့်၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၅၀၀၀၀) ပြား WY စာတမ်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅၅၀၀ ပြားတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
.
အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများ၊ လက်နက်၊ ခဲယမ်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats