စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ပူနားကိုကျေးရွာတွင်
ဇွန်လ ၆ ရက်၊ နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း
သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော
ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၆ ရက်၊ နေ့လယ် ၁၂ နာရီခန့်က မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း
(တောင်ပေါ်) ကျေးရွာအုပ်စု၊ ပူနားကိုကျေးရွာရှိ အာစေး (ခ) အားဆူ (ခ) အားလွန် (၄၃ နှစ်)
၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင် တွေ့ရှိပြီး နေအိမ်တွင် သိုဝှက်သိမ်းဆည်းထားသော
ဘိန်းဖြူဘလောက်တုံးအလေးချိန် ၄ ဒသမ ၉၅ ကီလို၊ ဒေသကာလ ပေါက်စျေး တန်ဖိုးငွေကျပ် ၇၉၂
သိန်း၊ ကတ်တမင်းအလေးချိန် ၁၀ ဒသမ ၅ ကီလို၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၅၀ သိန်း၊
ရုရှားနိုင်ငံထုတ် သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၄ တောင့်တို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူ
အာစေး (ခ) အားဆူ (ခ) အားလွန်အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment