ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့တွင် 66 KV မဟာဓါတ်အားလိုင်းမှ
မြို့နေပြည်သူလူထုအတွက် လျှပ်စစ်မီး ဖြန့်ဖြူး ပေးရန် အသင့်ဖြစ်နေပြီဖြစ်သည်ဟု သိရသည်။
.
.
သို့ဖြစ်၍ ယနေ့ဇွန်လ ၇ ရက်တွင် မိုင်းပျဉ်းမြို့ပေါ်ရှိ ရပ်ကွက်
၃ ခုအား လျှပ်စစ်ဓါတ်အား စမ်းသပ်ဖြန့်ဖြူးပေးသွားမည် ဖြစ်ပြီး စမ်းသပ်ပို့လွှတ်သည့်
လျှပ်စစ်ဓါတ်အား တည်ငြိမ်သည့်အချိန်တွင်သာ လျှပ်စစ်မီး အသုံးပြုကြရန် မိုင်းပျဉ်းမြို့နယ်
လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှ ကြိုတင်ကြေညာထားသည်ဟု သိရသည်။
“မိုင်းပျဉ်းမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကြော်ငြာစာ
ကပ်ထားတယ်။ မီးအးငြိမ်မှ အိမ်သုံး၊ လုပ်ငန်းသုံး အတွက် လျှပ်စစ်ဓါတ်အားကို သုံးစွဲစေချင်ပါတယ်”
ဟု မိုင်းပျဉ်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဝင်းနိုင်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးမည့် အစီအစဉ်နှင့် ပတ်သက်၍
မိုင်းပျဉ်းဒေသခံတစ်ဦးက “ဝမ်းသာတာပေါ့။ တစ်ညမှာ ၃ နာရီပဲ မီးလင်းပြီး ဒီဇယ်နဲ့ မီးပေးတဲ့
EPC က အခုတော့ ၂၄ နာရီ မီးရတော့မှာဆိုတော့ ဝမ်းသာလို့ မဆုံးပါဘူး” ဟု ၎င်း၏အမြင်ကို
ပြောဆိုခဲ့သည်။
.
မိုင်းပျဉ်းမြို့ပေါ်တွင် ရပ်ကွက် ၃ ရပ်ကွက်ရှိပြီး ယခင်က ဒီဇယ်အင်ဂျင်ဖြင့်
နေ့စဉ် ညနေ ၆ နာရီမှ ည ၉ နာရီအထိ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ကာ အိမ်သုံးမီတာ
အလုံးရေ ၅၀၀ ကျော် ရှိသဖြင့် 66 KV မဟာဓါတ်အား လိုင်းမှ ၂၄ နာရီ မီးရရှိပါက လျှပ်စစ်ဓါတ်အား
သုံးစွဲမှုနှင့်အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့တော်
ကျိုင်းတုံမြို့သို့လည်း မဟာဓါတ်အားလိုင်း ဆက်လက်သွယ်တန်းလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment