မောက်မယ်တွင် ကျွန်းသစ်ခွဲသား အပါအဝင် တရားမဝင်သစ် ၁၇ တန်ခန့် ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, June 27, 2020

မောက်မယ်တွင် ကျွန်းသစ်ခွဲသား အပါအဝင် တရားမဝင်သစ် ၁၇ တန်ခန့် ဖမ်းမိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာတွင် ဇွန်လ ၂၀ ရက်က မော်တော်ယာဉ် ၃ စီးပေါ်မှ ကျွန်းသစ်ခွဲသား အပါအဝင် တရားမဝင်သစ် ၁၇ တန်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
Photo - Department of Forest
 
.
မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၀ ရက်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် မောက်မယ် မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ထီတခေါ့ကျေးရွာ မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာတွင် မော်တော်ယာဉ် ၃ စီး ဖြင့် တင်ဆောင်လာသော ကျွန်းသစ်ခွဲသား၊ ကျွန်းတံခါးချပ်၊ အင်ခွဲသား စုစုပေါင်း ၁၇ တန်ခန့်အား ယာဉ်ပေါ် ပါလာသူ ၅ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တရားမဝင်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats