မိုးကုတ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံ ၁ ဦးအား လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးကုတ်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံ ၁ ဦးအား လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား

စိုင်းသိင်္ခသူ

.

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂ ဦးနှင့် ဒေသခံတစ်ဦးတို့အား TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဇွန်လ ၁၃ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

.

.

မိုးကုတ်မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်ဦးနှင့် ရဲတပ်သား ခိုင်ခန့်အောင်တို့ ၂ ဦးသည် ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းက မိုးကုတ်မြို့နယ်၊ သဒွတ်ကျေးရွာနေ ယာဉ်မောင်း ဦးအောင်ကျော်မိုး မောင်းနှင်သည့် HIJET အမျိုးအစား မော်တော်ယာဉ်ဖြင့် လယ်ကြီးရဲကင်းစခန်းသို့ တာဝန်လဲလှယ်ထမ်းဆောင်ရန် အရပ်ဝတ်ဖြင့် သွားရောက်စဉ် ညောင်ကုန်း (အောက်)ကျေးရွာ အရောက်တွင် TNLA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ အင်အား ၅၀ ခန့်က ၎င်းတို့အား ဟိုးဝိတ်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

.

အဆိုပါ ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက စုံစမ်းစစ်ဆေးခြင်းနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

Journal Download

Photo of three cats