တောင်ကြီးမြို့မဈေးအနီးတွင် Mask Campign ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့မဈေးအနီးတွင် Mask Campign ပြုလုပ်

နန်းဝင်းရီ
.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ မြို့မဈေးနှင့် City Square Shopping Center ရှေ့တွင် ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းက COVID-19 Prevention Volunteer Group Southern Shan မှ ဦးဆောင်၍ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

.

"အရင်က တခြား Mask Campaign၊ တွေ လုပ်ပါတယ်။ ယာယီစျေးတွေလည်း Campaign လုပ်တယ်။ မြို့မစျေးမှာက ဒီနေ့မှ စတာပါ။ အဖွဲ့က ၄ ဖွဲ့ဆိုတော့ ၄ နေရာကို လုပ်ထားတယ်။ အပတ်စဥ် စနေနေ့တိုင်း လုပ်တယ်။ ဒီနေ့မှာတော့ City Square နဲ့ မြို့မစျေးမှာ လုပ်တယ်။ ဆက်ပြီးတော့ လုပ်သွားဖို့ ရှိတယ်"ဟု COVID-19 Prevention Volunteer Group Southern Shan မှ နှင်းနွေအေးက ကမ္ဘောဇတိုင်းသို့ပြောသည်။

.

ထို့အပြင် အဆိုပါ Mask Campaign များကို တောင်ကြီးမြို့ပေါ်ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ အောင်သပြေ စျေး၊ ရွှေညောင် မီးပွိုင့်နှင့် အခြား နေရာများတွင်လည်း အပတ်စဥ် စနေနေ့တိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

.

.

Journal Download

Photo of three cats