ရှမ်းတောင် သရက်သီးစိုက် တောင်သူများ ရွေးပယ် စိန်တစ်လုံးသရက်မှ အပိုဝင်ငွေ ရရှိ - Kanbawza Tai News

Breaking

Tuesday, June 23, 2020

ရှမ်းတောင် သရက်သီးစိုက် တောင်သူများ ရွေးပယ် စိန်တစ်လုံးသရက်မှ အပိုဝင်ငွေ ရရှိ

ခင်မော့ဆက်
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသအတွင်းရှိ သရက်သီးစိုက် တောင်သူများအနေဖြင့် ဈေးကွက်မဝင်သော ရွေးပယ် စိန်တစ်လုံး သရက်သီးများမှ အပိုဝင်ငွေ ထပ်မံရရှိနေကြကြောင်း သိရသည်။
.


.
ပြည်တွင်း ကုမ္ပဏီတစ်ခု၏  ကမ်း လှမ်းမှုဖြင့် ဈေးကွက် မဝင် အပယ်ခံ ရသည့် စိန်တစ်လုံး သရက်သီးများကို နယ်မြေခံ သီးနှံစုံ ရောင်းဝယ်ရေး ကိုယ်စားလှယ်တစ်ဦးမှ တစ်ပိဿာ လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူ၍ ရန်ကုန်မြို့ရှိ သီးနှံ အဆင့်မြင့်တန်ဖိုး ကုန်အဖြစ် ပြုပြင် ထုတ်လုပ်သည့် စက်ရုံသို့ ပို့ဆောင်ပေးခြင်းဖြင့် သ ရက်သီးစိုက် တောင်သူများ အပိုဝင် ငွေ ရရှိနေခြင်း ဖြစ်ကြောင်း သိရ သည်။
.
၂၀၁၆ ခုနှစ်ကတည်းက ကုမ္ပဏီ နဲ့ ချိတ်ဆက်မိပြီး လုပ်ဖြစ်သွားတာ ပါ။ စျေးကွက်ဝင် အသီးတွေကို ရွေး  ချယ် ပို့ပေးရာကနေ သရက်ဝယ်လက် တွေက ပယ်လိုက်တဲ့ အသီးတွေကို အခုလို ဝယ်ယူဖြစ်ခဲ့တာပါ။ အရင် က ဒီပယ်သီးတွေကို တောင်သူတွေ အနေနဲ့က အမှိုက်ပုံမှာ စွန့်ပစ်ရုံပဲ ရှိတာ။ အခု အဲဒီ အသီးတွေကနေ အ ပိုဝင်ငွေရတော့ အလုပ်သမားခ၊ မြေ သြဇာဖိုး၊ ဆေးဖျန်းစာရိတ်တွေ ကာ မိတာပေါ့ဟု ရပ်စောက်ဒေသခံ သီးနှံ စုံ ရောင်းဝယ်ရေး ကိုယ်စားလှယ် ဦး အောင်ကျော်စိုးက ကမ္ဘောဇတိုင်းသို့ ပြောပြသည်။
.
အလားတူ  အခြား  သရက်သီးစိုက် တောင်သူတစ်ဦးကလည်း ယင်းကဲ့ သို့ ဝယ်ယူပေးခြင်း အားဖြင့် အသီး အလေအလွင့် နည်းပါး ကာ အပိုငွေ များ ရရှိကြောင်း၊ ထိုကဲ့သို့ဝယ်ယူသူ မရှိခဲ့ပါက အသီးများအား မိမိခြံသို့ ပြန်လည် ယူဆောင်ကာ ဖျက်ဆီးခဲ့ရ ကြောင်း ပြောဆိုခဲ့သည်။
.
အဆိုပါ ရွေးပယ် စိန်တစ်လုံး သရက်သီးများအား ဒေသခံအဝယ် ကိုယ်စားလှယ်မှ တစ်ရက်လျှင် ကုန် ချိန် ၁၀ တန်မှ ၁၅ တန်အထိ ဝယ်ယူ လျက်ရှိပြီး ရန်ကုန်ကုမ္ပဏီသို့ တင်ပို့ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ကုမ္ပဏီမှ အဆိုပါ အသီးများကို ပြန်လည် သန့်စင်၍ သရက်ပြင်၊ သ ရက်ပြား၊ သရက်သီးအနှစ်၊ သရက် သီးခြောက်နှင့် သရက်ယို များအဖြစ် အဆင့်မြင့် နည်းပညာထုတ် ပိုးကုန် စနစ်ဖြင့် ထုတ်လုပ်၍ ပြည်တွင်း စျေးကွက်အပြင်၊ စင်ကာပူ၊ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ရု ရှား နိုင်ငံများထိတိုင် တင်ပို့ရောင်း ချလျက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း သရက် စိုက်ဧက စုစုပေါင်းမှာ ၂၀၁၉ ခုနှစ် စာရင်းများအရ ၂၀၆၄၂ ဧက အနက် စိန်တစ်လုံး သရက်စိုက် ဧကမှာ ဧက ၁၀၀၀၀ ကျော် ရှိပြီး သရက်သီး တစ်တန်လျှင် အသီး အရွယ်ပမာဏ ပေါ် မူတည်၍ အလုံး ၃၀၀၀ မှ အလုံး ၄၀၀၀ ခန့်ပါရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)