နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ် ရှေ့ပြေးစီမံကိန်းအရ ရပ်စောက် သရက်အသင်းအစုအဖွဲ့က ထောက်ပံ့ငွေ ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ် ရှေ့ပြေးစီမံကိန်းအရ ရပ်စောက် သရက်အသင်းအစုအဖွဲ့က ထောက်ပံ့ငွေ ရရှိ


ခင်မော့ဆက်
.
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ် သရက်အသင်း အစုအဖွဲ့မှ စုစည်း တည်ထောင် ထားသည့် Unique Lawk Sauk Mango Pacific ကုမ္ပဏီ၏ သီးနှံ ထုတ်ပိုးပြုပြင် စက်ရုံအတွက် နိုင်ငံ တော် ကူးသန်းရောင်းဝယ်ရေးဘဏ် ၏ ရှေ့ပြေး စီမံကိန်းအရ ထောက်ပံ့ ငွေကျပ် သိန်းတစ်ထောင် ရရှိခဲ့သည် ဟု သိရသည်။
.
 
.
အဆိုပါ စက်ရုံအတွက် ယခင် က အသင်းသားများ၏ စုဆောင်းငွေ ကျပ်သိန်း ၁၈၀၀ ခန့်ဖြင့် မြေ၊လျှပ် စစ်မီး၊ အဝီစိတွင်း၊ ရေကန်၊ စက်ရုံ၊ ရုံးခန်း ဆောက်လုပ်ခြင်း၊ ကုန်ကြမ်း ပစ္စည်းများ ဝယ်ယူခြင်းတို့ကို ဆောင် ရွက်ခဲ့ရာ ငွေကြေး မလုံလောက်မှု အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ချေးငွေကုမ္ပဏီမှလည်း COVID-19 ကူးစက်ရောဂါ ကာလအတွင်း ချေး ငွေ လုပ်ငန်းများအား ယာယီရပ်တန့် လိုက်သဖြင့် ရှေ့ဆက် လုပ်ငန်းများ အကောင်အထည် ဖော်ရန် အခက် အခဲများ ရင်ဆိုင်ခဲ့ရရာမှ မြန်မာ့စီး ပွားရေးဘဏ်သို့ တင်ပြလျှောက် ထားရာ ကူညီထောက်ပံ့ငွေရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
“ဒေသတွင်း လုပ်ငန်းအဖွဲ့ အစည်းတွေ အနေနဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ အမှန်တကယ် မှန်ကန် စွာ ချေးယူမယ်၊ ကတိတည်မယ်ဆို ရင်တော့ မြန်မာ့စီးပွားရေးဘဏ်ကို သွားရောက် ဆက်သွယ်ပြီး အသေး စိတ် မေးမြန်းနိုင်ပါတယ်ဟု ရှမ်းတောင် သရက်အသင်းအစုအဖွဲ့ ဥက္က ဋ္ဌ ဦးမြင့်ဦးက ပြောသည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ ၌ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ၊ ဆီဆိုင်၊ ပင်းတယနှင့် ဟိုပုံးမြို့နယ် တို့အား သရက် စိုက်ပျိုးထုတ်လုပ် သည့်ဇုန် ၆ ခုအဖြစ် သရက်အသင်း အစုအဖွဲ့မှ သတ်မှတ်ပြီး၊ ယခုရပ် စောက်မြို့နယ်တွင် သရက်သီး ပြုပြင် ထုပ်ပိုးစက်ရုံကို ပထမဦးဆုံးစတင် တည်ဆောက်ကာ ကမ္ဘာ့ဈေးကွက် သို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက် ရှိသကဲ့သို့ ကုမ္ပဏီမှလည်း ဒေသ တွင်းရှိ သရက်စိုက် တောင်သူများကို GAP လက်မှတ်၊  တစ်ကမ္ဘာလုံးဆိုင် ရာ အသိအမှတ်ပြု လက်မှတ်များ ရရှိရန် ကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြော ဆိုခဲ့သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ် စောက်မြို့နယ်အတွင်း သရက်စိုက် ဧက တစ်သောင်းခန့် အပါအဝင် ရှမ်း ပြည်နယ်တစ်ခုလုံးတွင် သရက်စိုက် ဧက စုစုပေါင်း ၂၀၆၄၂ ဧက ရှိကြောင်း ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာ န၏ အချက်အလက်များအရ သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats