မိုင်းယောင်းဒေသထွက် လိုင်ချီးသီးများ ရောင်းအား ကောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်းဒေသထွက် လိုင်ချီးသီးများ ရောင်းအား ကောင်း


စိုင်းအောင်ဇော်လင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ နမ့်ယောင်းချောင်း အနီးမှ ထွက်ရှိသည့် လိုင်ချီးသီးများ ရောင်းအားကောင်း လျက်ရှိကြောင်း သိရသည်။
.
 
.
နမ့်ယောင်းချောင်းအနီး ဒေသမှာပေါက်တဲ့ လိုင်ချီးသီးက တခြား လိုင်ချီးတွေထက် စားလို့ပိုကောင်းတော့  ဈေးပိုရတယ်။ ဝယ်သူကလည်း ဒီလိုင်ချီးသီးကို ပိုကြိုက်ကြတော့ ရောင်းအားကောင်းပါတယ်။ လက်လီ တင်မကဘဲ နယ်ဝေးက လက်ကား မှာယူမှုလည်း များပါတယ်”ဟု မိုင်း ယောင်းမြို့နယ်နေ လိုင်ချီး စိုက်ပျိုး သူတစ်ဦးက ပြောသည်။
.
လိုင်ချီးသီးများသည် နှစ်စဉ် မေလနှင့် ဇွန်လများတွင် အသီး လှိုင်လှိုင် ထွက်ပေါ်တတ်ပြီး လိုင်ချီးသီး တစ်စီး လျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ရောင်းချရကြောင်း ၎င်းထံက သိရ သည်။
.
နမ့်ယောင်းချောင်းနီးတွင်ပေါက်ရောက်သည့် လိုင်ချီးသီးကို မိုင်းယောင်းဒေသတွင်ကလေး/လူကြီးမရွေး ကြိုက်နှစ်သက် ကြကြောင်း သိရသည်။
.
လိုင်ချီးသီးများကို မြန်မာနိုင်ငံ တစ်ဝှမ်း မန္တလေးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် စိုက်ပျိုးကြ ပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင်လည်း စိုက်ပျိုးလေ့ ရှိ ကြောင်း သိရသည်။
.

Journal Download

Photo of three cats