လားရှိုးတွင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Wednesday, June 24, 2020

လားရှိုးတွင် ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ဇွန်လ ၂၃ ရက်၊ ညနေပိုင်းက ငွေကျပ် သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.


.
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၃ ရက်၊ ည ၇ နာရီအချိန်ခန့်က မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ လားရှိုးမြို့၊ ဘူတာလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် တွင် လားရှိုးမြို့တွင်း ဘက်မှ ဘူတာဘက်သို့လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာအုပ်စု၊ နမ့်ပေါင်ကျေးရွာနေသူ ကျော်ပြည့်စုံ (ခ)နဲနဲ (၁၉ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကျော်လှိုင် (ခ)အီနွတ် (၂၁ နှစ်) စီးနင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးရှာဖွေရာ ကျော်ပြည့်စုံ(ခ)နဲနဲ မောင်းနှင်သည့် ဆိုင်ကယ်ခွကြား တွင်တင်ဆောင်လာသော စက္ကူဂျပ်ဖာအတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ် များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၅၀၀၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၀၀ သိန်း နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား ၎င်းတို့နှစ်ဦး အကျိုးတူပူးပေါင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက် သဖြင့် လားရှိုးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)