လားရှိုးမြို့တွင် ရပ်ကွက်များ တိုးချဲ့ ဖွဲ့ စည်းသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့တွင် ရပ်ကွက်များ တိုးချဲ့ ဖွဲ့ စည်းသွားမည်

စုလှိုင်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရပ်ကွက် (၁) နှင့် ရပ်ကွက် (၁၂) တို့ကို အပိုင်းခွဲ၍ ရပ်ကွက်သစ်များ တိုးချဲ့ ဖွဲ့စည်းရန် စီစဉ် ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
.
 .
အဲဒီရပ်ကွက်တွေက အုပ်ချုပ်မှုအရ နည်းနည်းကြီးနေလို့ အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ရပ်ကွက်ခွဲဖို့ လုပ်တာပါ။ ရပ်ကွက် (၁) ကို ၃ ပိုင်းနဲ့ ရပ်ကွက် (၁၂) ကို ၂ ပိုင်း ခွဲမှာပါ။ နံ ပါတ် အသစ်တော့ ဖြစ်သွားမှာ ပေါ့။ လောလောဆယ်တော့ အစိုးရအဖွဲ့ကို အကြမ်းဖျဉ်း တင်ပြထားတုန်းပဲ ရှိသေးတယ်”ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောသည်။
.
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အတည်ပြု ပြီးပါက နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ သို့ ဆက်လက် တင်ပြသွားမည် ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
၂၀၀၈ ခုနှစ်၊နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ အခန်း (၂)၊ ပုဒ်မ (၅၄) တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသ အတွင်း၌ ရှိသော ကျေးရွာ၊ ကျေးရွာ အုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင် နယ်နိမိတ်များ ပြင် ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ်အမည် ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီး ချုပ်က နိုင်ငံတော် သမ္မတထံ ထောက်ခံ တင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင် ရွက်ပေးရမည် ဟု ပြဌာန်းဖော်ပြထား သည်။
.
"အစိုးရအဖွဲ့က ညွန်ကြားလာ တာက အုပ်ချုပ်ရေးမှူးတွေက ရပ် ကွက်ကြီးတော့ မနိုင်လို့ နောက်ပြီး အုပ်ချုပ်မှုကြီးတော့ ရပိုင်ခွင့်က သူ များနဲ့ တန်းတူပဲ ရတော့ မမျှတဘူး ပေါ့။ သူ့မှာ နယ်မြေ ကျယ်နေတော့ လမ်းဆိုလည်း စည်ပင်ကခွဲရင် ရပ် ကွက် ၂ က တစ်လမ်း ၊ ရပ်ကွက် ၃ က တစ်လမ်း ပါရင် သူ့မှာ တစ် လမ်းပဲပါ တော့ သူ့မှာ ဘတ်ဂျက်တွေမမျှဘူး ဖြစ်နေတာ။ ဒါကြောင့် ခွဲဖို့ လုပ်တာ ပါ”ဟု ဦးအာကာလင်းက ပြောသည်။
.
လားရှိုးမြို့တွင် ရပ်ကွက် ၁၂ ရပ် ကွက်၊ ကျေးရွာအုပ်စု ၇၅ စု ကျေးရွာ ပေါင်း ၄၉၀ ရွာ ရှိပြီး ရပ်ကွက် (၁) သည် အကျယ်အဝန်း ၃ ဒသမ ၉၆၇ ဧက ကျယ်ဝန်းပြီး အိမ်ခြေ ၅၃၉၄၂ အိမ်၊ အိမ်ထောင်စု ၅၂၆၂၄ စု ရှိကာ ရပ်ကွက် (၁၂) သည် အကျယ်အဝန်း ၅ ဒသမ ၆၅၉ ဧက ကျယ်ဝန်းပြီး အိမ် ခြေ ၅၅၄၃ အိမ်၊ အိမ်ထောင်စု ၄၃၅၂ စု ရှိကြောင်း လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ဒေသန္တရ ဆိုင်ရာ အချက်အလက် များအရ သိရသည်။
.

Journal Download

Photo of three cats