လားရှိုးတွင် အမျိုးသမီး ၂ ဦးအား သတ်ခဲ့သူကို ဖမ်းမိ - Kanbawza Tai News

Breaking

Friday, June 19, 2020

လားရှိုးတွင် အမျိုးသမီး ၂ ဦးအား သတ်ခဲ့သူကို ဖမ်းမိ

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ တာပုံကျေးရွာအုပ်စု၊ မတ်ချီးနုကျေးရွာအနီး ကားလမ်းဘေး ချုံပုတ်အတွင်း တွေ့ရသည့် အမျိုးသမီးအလောင်း ၂ လောင်းနှင့် ပတ်သက်၍ သတ်ဖြတ်ခဲ့သူအား ဇွန်လ ၁၉ ရက်၊ နံနက်ပိုင်းက ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
.
ဓါတ်ပုံ - သိန်းမင်းထွန်း

.
ယင်းအမျိုးသမီး ၂ ဦးအား သတ်ခဲ့သူမှာ လားရှိုးမြို့၊ ရပ်ကွက် (၉) နေ ချစ်ကို (ခ) ပိုင်စိုးအောင် (၃၂ နှစ်) ဆိုသူ ဖြစ်ပြီး သေသူ အမျိုးသမီး ၂ ဦးအား လူမှုရေးကိစ္စအရ အိပ်ဆေးခတ်ကာ ကားအတွင်း အလုံပိတ် သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။
.
အဆိုပါ ချစ်ကို (ခ) ပိုင်စိုးအောင်သည် အငှားယာဉ် မောင်းနှင်သူတစ်ဦးဖစ်ပြီး လွန်ခဲ့သော ၃ နှစ်ခန့်က မန်ဆူ ကားဂိတ်တွင် အငှားယဉ် မောင်းနှင်နေစဉ် သေဆုံးသူ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးမှ ပဲခူးသို့ သွား ရောက်ရန် ကားငှားရာမှ ရင်းနှီးခဲ့ပြီး ယင်းကဲ့သို့ ရင်းနှီးဆက်ဆံမှုများပြားလာချိန်တွင် သေဆုံးသူမှ ၎င်းကို တရားဝင်လက်ထပ်ယူရန် မကြာခဏ ပြောဆိုလာခဲ့ပြီး ချစ်ကို၏ နေအိမ်ရှေ့၌ မကြာခဏ လာရောက်ဆူ ပူပြောဆိုခြင်းများ ရှိခဲ့ကြောင်း သိရသည်။
.
ထို့နောက် အခင်းဖြစ်ရက် မတိုင်မီ ဇွန်လ ၁၀ ရက်တွင် နေအိမ်မှ ရပ်ကွက် (၁၂) ရှိ သေဆုံးသူ၏ နေအိမ်သို့ သွားရောက်ကာ လက်ဘက်ရည်သောက်ရန် ခေါ်ဆောင်ခဲ့ပြီး ကုန်စုံဆိုင်တစ်ဆိုင်တွင် လိမ္မော်ရည် ၄ ဘူးနှင့် ရေသန့်တစ်ဘူးဝယ်ယူကာ သေဆုံးသူနောက်တစ်ဦးဖြစ်သူအား သွားရောက်ခေါ်ဆောင်၍ လားရှိုးမြို့ အ နောက် ဘက်ရှိ ရေပေးရေး ရေကန်တောင်၊ ကန်အမှတ် (၁၄) သို့ သွားရောက်ခဲ့သည်ဟု သိရသည်။
.
ထိုနောက် သေဆုံးသူ ၂ ဦး မရှိချိန်တွင် ချစ်ကိုမှ အချိုရည်ဘူး ၂ ဘူးအတွင်းသို့ အသင့်ယူဆောင်လာသော အိမ်ဆေး ၁၀ လုံးစီအား အမှုန့်ကြိတ်ထည့်ကာ သေဆုံးသူ ၂ ဦးအား တိုက်ခဲ့ပြီး အိပ်ပျော်သွားစဉ် ကား အတွင်း အသင့်ပါလာသည့် နိုင်လွန်ကြိုးဖြင့် တုပ်နှောင်ကာ ပါးစပ်ကို တိပ်အကြည်နှင့်ပတ်ပြီး ကားမှန် အလုံချ ထားခဲ့ကာ အမျိုးသမီး ၂ ဦး သေဆုံး ချိန်တွင် လူသူလာရောက်မှုနည်းပါးသည့် မြို့၏အရှေ့ဘက် ရှိ မတ်ချီးနုကျေးရွာ ကားလမ်း ဘေး၊ တရုတ်သင်္ချိုင်းကုန်း အနီးရှိ ခြုံပုတ်အတွင်း ပစ်ချထားကာ အလောင်း များကို ဖျောက်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ချစ်ကို၏ ထွက်ဆိုချက်အရ သိရသည်။
.
စုံစမ်းထောက်လှမ်းချက်တွေအရ မင်္သကာလို့ခေါ်စစ်တာကတော့ အလောင်းတွေတွေ့တဲ့နေ့ကတည်းကပါ၊ ဒီနေ့ ဇွန်၁၉ ရက်၊ မနက် ၃ နာရီကျော်လောက်မှာမှ ဝန်ခံတာပါဟု လားရှိုးနယ်မြေရဲစခန်းမှူး ရဲအုပ် ဇော်လှိုင်ထွန်း က ပြောသည်။
.
အဆိုပါ လူသတ်မှုကို ကျူးလွန်သူ ချစ်ကို(ခ)ပိုင်စိုးအောင်ကို လားရှိုးအမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၆၂/၂၀၂၀၊ ရာဇသတ်ကြီးအက်ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖြင့် ဖမ်းဆီးကာ ဥပဒေအကြံပြုချက်နှင့်အညီ တရားစွဲတင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)