လားရှိုးမြို့၊ တရုတ်သင်္ချိုင်းအနီး ချုံပုတ်အတွင်း အမျိုးသမီးအလောင်း ၂ လောင်း တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့၊ တရုတ်သင်္ချိုင်းအနီး ချုံပုတ်အတွင်း အမျိုးသမီးအလောင်း ၂ လောင်း တွေ့ရှိ

မင်းဇော်မင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မကျီးနုကျေးရွာ၊ တရုတ်သင်္ချိုင်းအနီး၊ ချုံပုတ်အတွင်း ယနေ့ ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်းက ခြေလက်များကြိုးတုပ်လျက် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်း ၂ လောင်းတွေ့ရှိခဲ့ကြောင်း လားရှိုးလူငယ် လူမှုကူညီရေးအသင်းထံမှ သိရသည်။

.

Photo – Newnyi

.

“မိုးရွာထားတော့ လမ်းအတော်ဆိုးလို့ ဖိုးဝှီးတွေနဲ့ ခက်ခက်ခဲခဲ သွားသယ်ခဲ့ရတယ်။ အနံ့က တအားဆိုးနေလို့ အမြန် သယ်ပြီး ဆေးရုံပို့ခဲ့တာ ကျန်အချက်တွေတော့ မသိရဘူး” ဟု လားရှိုးလူငယ် လူမှုကူညီရေးအသင်းမှ စိုင်းဝသုန်ထွန်းက ပြောသည်။

.

လားရှိုးမြို့မှ သိန္နီမြို့ဘက်အထွက် ၁၅ မိုင်ခန့်အကွာ မန်ကျီးနုကျေးရွာအနီး၊ တရုတ်သင်္ချိုင်းရှိ ချုံပုတ်များ အတွင်း ခြေလက်များ ကြိုးတုပ်လျက် အသတ်ခံထားရသည့် အမျိုးသမီး အလောင်းများမှာ ညိုပုတ် ပျက်စီး နေသည့်အတွက် လားရှိုး လူငယ် လူမှုကူညီရေးအသင်းနှင့်အတူ ပေးသောလက် လူမှုကူညီရေးအသင်း၊ အမှတ် (၂) ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ တပ် မတော်သားများ၊ လားရှိုး COVID-19 Camp အဖွဲ့များမှ လားရှိုး ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

.

ရဲစခန်းက လှမ်းဆက်တော့ အခြားညီနောင်ကားတွေ COVID-19 Camp ကညီငယ်တွေခေါ်ပြီးသွားတာ ဗွက်တွေ ကြောင့် တော်တော်ဆိုးတယ် အမျိူးသမီးတစ်ယောက်ကတော့ ကြွပ်ကြွပ်အိတ်ကြိုးနဲ့ ချည်ထားတာ တွေ့ရတယ်တစ်ယောက်ကိုတော့ လည်ပင်းရော လက်ရော၊ ခြေထောက်ရော ချည်ထားတာတွေ့ရတယ်အားလုံးကတော့ အသက် "၄၀ ကျော်လောက်ခန့်မှန်းတယ်ဟု ပေးသောလက်စေတနာရှင်များ လူမှုကူညီရေး အသင်းဥက္ကဌ ဦးမြင့်မော်က ပြော သည်။

.

အဆိုပါကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ ရရှိနိုင်ရေးအတွက် လားရှိုးအမှတ် (၂) နယ်မြေ ရဲစခန်း သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းဖြေကြားခြင်းမရှိသဖြင့် ဆက်သွယ်၍ မရခဲ့ချေ။

.

Journal Download

Photo of three cats