ပြည်ပပြန် တစ်သောင်းကျော်အား လားရှိုးမြို့မှတစ်ဆင့် မီးရထားဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပြည်ပပြန် တစ်သောင်းကျော်အား လားရှိုးမြို့မှတစ်ဆင့် မီးရထားဖြင့် နေရပ်သို့ ပြန်လည်ပို့ဆောင်

ထမံသီ

.

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသရှိ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် ရွှေ့ပြောင်း လုပ်သား တစ်သောင်းကျော်အား လားရှိုးမြို့မှတစ်ဆင့် မီးရထားဖြင့် သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

.

.

ထိုသို့ပို့ဆောင်ရာ၌ ရှမ်းပြည်နယ်မြောက်ပိုင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီမှ ကြီးကြပ်၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်ခြင်းဖြစ်yjD; မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် တရုတ်နိုင်ငံမှ နေရပ်ပြန်များဖြစ်ကြောင်း သိရသည်။

 .

အလားတူ မေလ ၁၄ ရက်က တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၇၅ ဦး၊ အမျိုးသမီး ၁၆၆ ဦး စုစုပေါင်း ၃၄၁ ဦးတို့ကို ထပ်မံပို့ဆောင်ပေးခဲ့ပြီး ယင်း ၃၄၁ ဦးတွင် ကချင်ပြည်နယ်မှ ၅ ဦး၊ ချင်းပြည်နယ်မှ ၁၄ ဦး၊ စစ်ကိုင်းဒေသကြီးမှ ၂၄ ဦး၊ နေပြည်တော်မှ ၁၁ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၄၄ ဦး၊ မကွေး တိုင်းဒေသကြီးမှ ၁၇၃ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၃၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၅ ဦး၊ ရခိုင်ပြည်နယ်မှ ၁၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၅  ဦးတို့ ပါဝင်ကြောင်း သိရသည်။

.

ရှမ်ပြည်နယ်မြောက်ပိုင်း နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန် အရေအတွက်မှာ မေလ ၆ ရက်မှ ဇွန်လ ၁၄ ရက်နေ့အထိ အမျိုးသား ၆၃၅၈ ဦး၊ အမျိုးသမီး ၃၈၉၁ ဦး စုစုပေါင်း ၁၀၂၄၉ ဦးရှိပြီး ၎င်းတို့အား သက်ဆိုင်ရာတိုင်းဒေသ ကြီးနှင့် ပြည်နယ်များသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats