လားရှိုးတွင် စားသုံးရန်/သုံးစွဲရန် မသင့်သော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဖျက်ဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

လားရှိုးတွင် စားသုံးရန်/သုံးစွဲရန် မသင့်သော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဖျက်ဆီး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းနှင့် လားရှိုးမြို့ရှိ အကောက်ခွန်ဌာနမှ ဖမ်းဆည်း ရမိသည့် စားသုံးရန်နှင့် သုံးစွဲရန်မသင့်သော စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ဇွန်လ ၄ ရက်၊ နံနက်ပိုင်းက လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံး ဝင်းအတွင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
 
.
“ရေပူဂိတ်မှာ အကောက်ခွန်ကမိတဲ့ ပစ္စည်းတွေပါ။ ခြင်ဆေးခွေကအစ ကလေးလက်ပတ်နာရီတွေလည်း ပါတယ်။ လူထုအတွက် စားသုံးဖို့၊ သုံးစွဲဖို့မသင့်လို့ ဖျက်ဆီးတာပါ” ဟု လားရှိုးမြို့ရှိ ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန့်က ပြောသည်။
.
အဆိုပါ ဖျက်ဆီးမှုကို ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း တာဝန်ခံ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်၍ လားရှိုးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအပါ အဝင် သက်ဆိုင်ရာ ဌာနများပါဝင်သော အဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးရမိထားသည့် ပစ္စည်းများမှာ တရုတ်နိုင်ငံထုတ် စားသောက်ကုန်အမျိုးမျိုး၊ အလှကုန်များ၊ အဆိပ်အတောက် ဖြစ်စေနိုင်သည့် သုံးစွဲရန်မသင့်သော ခြင်ဆေးခွေများ၊ ဆေးဝါးများနှင့် တရားမဝင် လူသုံးကုန်ပစ္စည်းများဖြစ်ကာ ခန့်မှန်းတန်ဖိုး ၄၇၈၁၀၅၀၀ ကျပ်ခန့်ရှိပြီး ယင်းပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းကြိတ်စက်ဖြင့် ကြိတ်ချေ ဖျက်ဆီးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
.
အလားတူ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လားရှိုးတွင် ဖမ်းဆီးရမိပစ္စည်းများကို ၁၃ ကြိမ်မြောက် ဖျက်ဆီး မီးရှို့ခဲ့ပြီး ယခုတစ်ကြိမ်မှာ သိန္နီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းကို ပြန်လည်စတင်ဖွင့်လှစ်ခဲ့သည့်အချိန်မှ စတင်၍ ယနေ့အထိ ဖမ်းဆီးရမိပစ္စည်းများအား ၁၄ ကြိမ်မြောက်အဖြစ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About