လားရှိုးမြို့မဈေးအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့မဈေးအတွင်း မီးလောင်ကျွမ်းမှု ဖြစ်ပွား

မင်းဇော်မင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မဈေးအတွင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဇွန်လ ၁၆ ရက်၊ နံနက်ပိုင်း က မီးဖိုပြာများမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ဓါတ်ပုံ - သန့်ဇင်လှိုင်

.

“မီးဖိုပြာတွေကို စုပြီး ထားရာကနေ အောင်းပူ (Living Heat) အဖြစ် မီးလောင်ကျွမ်းတာပါ။ ဆိုင်ပိုင်ရှင်ကိုတော့ ရဲစခန်းမှာ မီးပေါ့ဆမှုနဲ့ အမှုဖွင့်ထားပါတယ်” ဟု လားရှိုးမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လားရှိုးမြို့မဈေး အပေါ်ထပ်ရှိ ပင်လယ်ပြာစားသောက်ဆိုင်တွင် နံနက် ၄ နာရီခန့်မှ စတင်၍ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၆ စီး၊ တပ်ဖွဲ့ဝင် ၄၅ ဦး၊ စည်ပင်နှင့် ဈေးကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်း မီငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

.

မီးလောင်ကျွမ်းမှုကြောင့် စားသောက်ဆိုင် တံခါး ၂ ပေါက်နှင့် သစ်သားစားပွဲ၊ ကုလားထိုင်များ ပျက်စီးဆုံးရှုံးခဲ့ပြီး အခြား ဆိုင်များသို့ မီးကူးစက်လောင်ကျွမ်းခြင်း မရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး ၁၂၉၆၀၀၀ ကျပ် ရှိကြောင်း သိရသည်။

.

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာသုံးစွဲသူ ဆိုင်ရှင်အား လားရှိုးမြို့မရဲစခန်းတွင် (ပ)၂၉၄/၂၀၂၀၊ ရာဇသတ်ကြီးအက်ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats