လောက်ကိုင်ရှိ နယ်မြေခံတပ်ဂိတ်ကင်းရှေ့တွင် မူးယစ်ရမ်းကား ရန်ပြုလာသူအား ခြောက်လှန့်ပစ်ခတ်ရာမှ လက်နက် ငယ်ထိမှန် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လောက်ကိုင်ရှိ နယ်မြေခံတပ်ဂိတ်ကင်းရှေ့တွင် မူးယစ်ရမ်းကား ရန်ပြုလာသူအား ခြောက်လှန့်ပစ်ခတ်ရာမှ လက်နက် ငယ်ထိမှန် သေဆုံး

မင်းဇော်မင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်ရှိ နယ်မြေခံ တပ်ဂိတ်ကင်း ရှေ့ တွင် ဇွန်လ ၁၂ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦးမှ အရက်အလွန်အကျွံသောက်စား၍ မူးယစ်ရမ်းကား ရန်ပြုလာ သဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော စစ်သည် ၂ ဦးက ခြောက်လှန့်ပစ်ခတ်ရာမှ လက်နက်ငယ်ထိမှန် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

.

.

အဆိုပါ လုံခြုံရေးစစ်သည် ၂ ဦးသည် ဇွန်လ ၁၂ ရက် ညပိုင်းက လုံခြုံရေးတာဝန် ထမ်းဆောင်နေစဉ် ည ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် ဂိတ်ကင်း၏ အရှေ့ ၂၅ မီတာခန့်အကွာရှိ ထမင်းဆိုင်ရှေ့၌ ဦးကျော်တိုး ဆိုသူမှ အရက်အလွန်အကျွံ သောက်သုံးပြီး မူးယစ်ရမ်းကား ပြောဆိုနေသဖြင့် တာဝန်ကျစစ်သည် တစ်ဦးက နေရပ်သို့ ပြန်ရန် ဂိတ်ကင်းတဲ အတွင်းမှ ပြောဆိုခဲ့သော်လည်း ဆက်လက်မူးယစ်ရမ်းကား ဆဲဆိုနေသဖြင့် တာဝန်ကျစစ်သည် ၂ ဦးက ဦးကျော်တိုး အား သွားရောက်ထိန်းသိမ်းစဉ် ဦးကျော်တိုးမှ ၎င်းကိုင်ဆောင်ထားသည့် ဓါးဖြင့် စစ်သည် တစ်ဦးအား ရန်ပြုခဲ့ရာ စစ်သည်က လက်နက်ငယ်ကို မိုးပေါ်ထောင်၍ ခြောက်လှန့်ပစ်ခတ် သတိပေးခဲ့သော်လည်း ဓါဖြင့် အနီးကပ် ထပ်မံ ရန်ပြုသဖြင့် ဒုတိယအကြိမ် ထပ်မံခြောက်လှန့် ပစ်ခတ်ရာ ဦးကျော်တိုး၏ ယာပေါင်ရင်းသို့ ကျည်ထိမှန်ခဲ့ခြင်း ဖြစ်ပြီး သေနတ်ကျည်ထိမှန်သူ ဦးကျော်တိုးအား နယ်မြေခံဆေးတပ်ရင်းသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် သွေးထွက်လွန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဦးကျော်တိုး သေဆုံးမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် လောက်ကိုင် မြို့နယ်ရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

.

Journal Download

Photo of three cats