ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၏ မြို့နယ်အလိုက် Legal Aid စံပြဆု ကို တာချီလိတ်၊ ဆီဆိုင်နှင့် ပင်းတယမြို့နယ်တို့ ရရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၏ မြို့နယ်အလိုက် Legal Aid စံပြဆု ကို တာချီလိတ်၊ ဆီဆိုင်နှင့် ပင်းတယမြို့နယ်တို့ ရရှိ

ထမံသီ

.

ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့၏ မြို့နယ်ဥပဒေအထောက်အကူပြု စံပြဆုများကို တာချီလိတ်၊ ဆီဆိုင်နှင့် ပင်းတယမြို့နယ်တို့က ရရှိခဲ့သည်ဟု သိရသည်။

.


.

ရှမ်းပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ အချက်အလက်များအရ လူထု၏ ဥပဒေဆိုင်ရာ အကြံဉာဏ်တောင်းခံမှုကဏ္ဍတွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသက အများဆုံးဖြစ်သည်ဟု သိရသည်။

.

အများစုက ကျွန်တော်တို့ကို CSO လူမှုအဖွဲ့အစည်းလို့ထင်ကြတာ။ အမှန်က နိုင်ငံတော်အစိုးရရဲ့ Organ  အစိတ်အပိုင်းတစ်ခုပါ။ လိုအပ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့၊ အမျိုးသားလူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နှင့် ကျွန်တော်တို့ဥပဒေဆိုင်ရာအထောက် အကူပြုအဖွဲ့အစည်းတွေကို သတ်မှတ်အတည်ပြုထား တာပါ။ ကျွန်တော်တို့အဖွဲ့အတွက် ဖြည့်ဆည်းမှုနဲ့ ဘတ်ဂျက်ကို ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးချုပ်ကိုယ်တိုင် စီမံခန့်ခွဲတယ်” ဟု ရှမ်းပြည်နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲနိုင်အောင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၅၅ မြို့နယ်အနက် မြို့နယ်ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ရုံးခွဲများကို ၂၇ မြို့နယ်တွင် ဖွင့်လှစ်ထားပြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်း ပြည်နယ်အရှေ့ပိုင်းမှ တာချီလိတ်မြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဆီဆိုင်နှင့် ပင်းတယမြို့နယ်များက စံပြဆုများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ထိုသို့ ဥပဒေ အထောက်အကူပေးရာတွင် ပြစ်မှုဆိုင်ရာဥပဒေ ၅၀ ရာခိုင်နှုန်းနှင့် တရားမမှု ၅၀ ရာခိုင်နှုန်းခန့် ကူညီဆောင်ရွက်ပေးခဲ့ရပြီး ဆင်းရဲနွမ်းပါးသူများကို တရားခံ ရှေ့နေအဖြစ်ဆောင်ရွက်ပေးခြင်း၊ ဥပဒေ ဆိုင်ရာ အသိ ပညာပေးခြင်း၊ အကြံပေးခြင်း၊ အကူအညီပေးခြင်းနှင့် သတင်းအချက်အလက်ပေးခြင်းတို့ဖြင့် ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

.

ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ ကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်း၊ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၀) ဖြင့် အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်ပြီး နည်းဥပဒေကို ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်က ပြဌာန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats