ရှမ်းပြည်နယ် အလုပ်သမားဆက်ဆံရေး ဦးစီးဌာနသို့ အကူအညီ တောင်းခံသူ မရှိသေး - Kanbawza Tai News

Breaking

Saturday, June 20, 2020

ရှမ်းပြည်နယ် အလုပ်သမားဆက်ဆံရေး ဦးစီးဌာနသို့ အကူအညီ တောင်းခံသူ မရှိသေး

ထမံသီ
.
တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် အလုပ်သမားရေးရာ ဆက်ဆံရေးဦး စီးဌာနသို့ အလုပ်သမားရေးရာ အ ငြင်းပွားမှု ဖြစ်စဉ် တစ်စုံတစ်ရာလာ ရောက် အကူအညီတောင်းခံသူ မရှိ သေးကြောင်း သိရသည်။
.
 
.
“COVID-19 ကာလ မတိုင်မီက နေ အခုချိန်အထိ ကျွန်မတို့ ဌာနကို လာရောက် အကူညီတောင်းခံမှု တစ် စုံတစ်ရာ မရှိသေးပါဘူး။ ရှိလာခဲ့ရင် လည်း အလုပ်သမားရေးရာ အငြင်း ပွားမှု ဖြေရှင်းရေး နည်းဥပဒေနဲ့အ ညီ ဖွဲ့စည်းထားတဲ့ ခုံသမာဓိကောင်စီ ၁၅ ဦးက ၁၄ ရက် အတွင်း၊ ပြည်နယ် ရုံးက ၇ ရက် အတွင်း၊ မြို့နယ်ရုံးက ၇ ရက် အတွင်းနဲ့ စက်ရုံအလုပ်ရုံဦး စီးဌာနက ၇ ရက်အတွင်းမှာ အပြီး သတ် ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာ ပါ”ဟု ရှမ်းပြည်နယ် အလုပ်သမား ရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိ ယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့် သင်း က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အကယ်၍ စက်ရုံအလုပ်ရုံ၊ လုပ် ငန်းဌာနများတွင် ဖြစ်ပွားလေ့ ရှိသော အလုပ် ရပ်စဲခြင်း၊ အလုပ် ထုတ်ပယ် ခြင်းများနှင့် စပ်လျဉ်းပြီး မြို့နယ်ရုံး များသို့ လာရောက် တိုင်ကြားပါက ၂၀၁၂ ခုနှစ်၊ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့် အညီ ဆောင်ရွက်ပေးမည် ဖြစ်ပြီး ကျေလည်မှု မရှိပါက ပြည်နယ်ခုံသ မာဓိ အဖွဲ့မှ ကြားနာ စစ်ဆေးရန် အ ကျုံးဝင်မှု ရှိ/မရှိ စစ်ဆေး၍ အကျုံး ဝင်ပါက ဌာနမှ တာဝန်ပေးအပ် သည့် အဖွဲ့ခေါင်းဆောင်၊ အလုပ်ရှင်ကိုယ် စားလှယ်နှင့် အလုပ်သမား ကိုယ်စား လှယ် ၃ ဦးဖြင့် ကြားနာ စစ်ဆေး ဆုံး ဖြတ်ခြင်းကို ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့ သည်။
.
အလုပ်သမားရေးရာ ဆက်ဆံမှု ဦးစီးဌာနကို ယခင်က ဗဟိုဝါဏီဇ္ဇပ ဋိပက္ခမှု ကော်မတီရုံး အမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ယခု အလုပ်သမားရေး ရာ ဆက်ဆံမှု ဦးစီးဌာန အမည်ဖြင့် အလုပ်သမား ဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးရုံး၏ ၂၀၁၂ ခုနှစ်၊ မတ်လ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာ စာ အမှတ် (၁၈/၂၀၁၂)အရ ပြောင်း လဲ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရ သည်။
.
ဌာနအနေဖြင့် COVID-19 ကပ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံ၊ အလုပ် ဌာနများ လိုက်နာ ဆောင်ရွက်ရန် အသိပေး ထုတ်ပြန်ချက်များအရ စက် ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နှင့် ကျွမ်းကျင် မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များ ၏ စစ်ဆေးမှု ခံယူ၍ ဖွင့်လှစ်နိုင်ရေး လိုက်နာမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး မှုကို ဌာန ၁၄ ခုနှင့် ပူးပေါင်း ဆောင် ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း အလုပ် သမား အဖွဲ့အစည်းများ အနေဖြင့် ရှမ်းတောင်တွင် ၁၄ ဖွဲ့၊ ရှမ်းမြောက် တွင် ၉၀ ဖွဲ့၊ စုစုပေါင်း ၁၀၄ ဖွဲ့ရှိကာ မြို့နယ်ဖြန်ဖြေရေးအဖွဲ့ စုစုပေါင်း ၅၀ ရှိပြီး ယနေ့အထိ မည်သည့် တိုင် ကြားမှုကိုမျှ လက်ခံရရှိမှု မရှိသေး ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats
'; (function() { var dsq = document.createElement('script'); dsq.type = 'text/javascript'; dsq.async = true; dsq.src = '//' + disqus_shortname + '.disqus.com/embed.js'; (document.getElementsByTagName('head')[0] || document.getElementsByTagName('body')[0]).appendChild(dsq); })();

Fixed Sidebar (true/false)