COVID-19 ကာလအတွင်း KTV များ ဖွင့်လှစ်ပါက လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကာလအတွင်း KTV များ ဖွင့်လှစ်ပါက လိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူမည်


စုလှိုင်
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့တွင် COVID-19 ကာလ အတွင်း KTV ဆိုင်များ ဖွင့်လှစ်ပါ က လိုင်စင် ပိတ်သိမ်းသည် အထိ အရေး ယူသွားမည်ဖြစ်ကြောင်း ရှမ်း ပြည်နယ် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာနမှ သိရသည်။ 
.

.
" စည်းကမ်း ဖောက်ဖျက်ခဲ့တာ လိုက်စစ်လိုက်လို့ တွေ့ရင် အရေး ယူတာက ရဲတို့ ထွေအုပ်တို့က လုပ် သွားမှာပါ။ လိုင်စင်ကတော့ ယာယီ သိမ်းမယ်ပေါ့။ ပထမ ခံဝန်ကတိ လက်မှတ် ထိုးမယ်။ ဒုတိယ အကြိမ် မှာ ဒဏ်ငွေ ရိုက်မယ်။ တတိယအ ကြိမ်မှာ လိုင်စင်သိမ်းမယ်” ဟု ရှမ်း ပြည်နယ် မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန ပြည်နယ်ဗီဒီယို လုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီရုံးမှ ရှမ်းပြည်နယ် တာဝန်ခံ အရာရှိ ဦး စောဝင်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့ပေါ်ရှိ KTV ဆိုင် များ ဖွင့်လှစ်ကြောင်း တိုင်ကြားမှုများ ရှိပါက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ် ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တို့နှင့် ပူးပေါင်း၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်း ရှိ KTV များ၊ ကလပ်များ၊ Bar များကို COVID -19 ကူးစက်ရောဂါ ကာကွယ် ထိန်း ချူပ် နိုင်ရေးအတွက် မတ်လ ၂၄ မှ စတင်၍ ယာယီပိတ်ထားရန် ညွန် ကြားထားကြောင်း သိရသည်။
.

Journal Download

Photo of three cats