ကျိုင်းတုံဆေးရုံအုပ်ကြီး၏ နေအိမ်ဖောက်ထွင်းခံရ၍ ငွေကျပ် ၂၁ သိန်း​ကျော် ပါသွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံဆေးရုံအုပ်ကြီး၏ နေအိမ်ဖောက်ထွင်းခံရ၍ ငွေကျပ် ၂၁ သိန်း​ကျော် ပါသွား

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အ​ရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ပြည်သူ့​ဆေးရုံအုပ်ကြီး ​နေထိုင်​သည့် ​နေအိမ်တွင် ဇွန်လ ၂၀ ရက်က ဖောက်ထွင်း ခံရ၍ ငွေကျပ် ၂၁ သိန်းကျော် ပါရှိသွားကြောင်း သိရသည်။
.
 
.
ယင်းကဲ့သို့ ​နေအိမ် ​ဖောက်ထွင်းခံရ၍ ​ငွေများခိုးယူခြင်း ခံရခြင်း​ကြောင့် ကျိုင်းတုံပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးမင်းမှ ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။
.
ဒေါက်တာလှဌေးမင်းသည် ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌တာဝန်ထမ်းဆောင်၍ နေအိမ်သို့ပြန်လာစဉ် နေအိမ် ခြံတခါးနှင့် အိမ်နောက်ဘက် တံခါးများမှာ ပွင့်နေသဖြင့် ​နေအိမ်အတွင်းသို့ စစ်ဆေးကြည့်ရှုခဲ့ရာ ဗီဒို အတွင်းမှငွေကျပ် ၂၁ သိန်းကျော် ပျောက်ဆုံးနေသည်ကိုသိရှိခဲ့ရခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရ သည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျိုင်းတုံမြို့မရဲစခန်းမှ (ပ) ၃၀၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် ​​ဆောင်ရွက်ထားကြောင်း သိရသည်။
.

Journal Download

Photo of three cats