ကျိုင်းတုံနှင့် တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 3, 2020

ကျိုင်းတုံနှင့် တာချီလိတ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များတွင် ဇွန်လ ၂ ရက်၊ နံနက်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား များအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
 
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ ဇွန်လ ၂ ရက်၊ နံနက် ၉ နာရီခန့်တွင် သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းကျေးရွာအုပ်စု၊ ဝမ်ကျန်းကျေးရွာနေ အားဆော့ (၆၅ နှစ်) ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်တွေ့ရှိရပြီး ၎င်းလွယ်ထားသောလွယ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၄၀၀ ပြား၊ ဒေသကာလပေါက်စျေးတန်ဖိုးငွေ ကျပ် ၅၄ သိန်း၊ ပလတ်စတစ်ဖြင့်ထုပ်ထားသည့် ဘိန်းစိမ်းအလေးချိန် ၂၀၆ ဒသမ ၃၃ ဂရမ်၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂ ဒသမ ၀၆ သိန်းနှင့် မြန်မာငွေ ၅၀၀၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ နံနက် ၉ နာရီတွင်ပင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ ယန်းခေါင်ကျေးရွာနှင့် စန်းလုကျေးရွာ သွားလမ်းတွင် စန်းလုကျေးရွာဘက်မှ ယန်းခေါင်ကျေးရွာဘက်သို့ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပကျေးရွာနေ လော်ဒန်း(ခ)လော်တောင်း (၂၀ နှစ်) စီးနင်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားတွင်တင်ဆောင်လာသော ဆာလာအိတ်အတွင်း မှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂၀၀၀ ပြား၊ ဒေသကာလပေါက်စျေး တန်ဖိုးငွေကျပ် ၂၀၂၀ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါ မူးယစ်စိတ်ကြွဆေးပြားများ၊ ဘိန်းစိမ်းများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျိုင်းတုံနှင့် တာချီလိတ် မြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About