ကျိုင်းတုံမြို့ရှောင်လမ်းဧရိယာတွင် ပါဝင်သွားသည့် လယ်ယာမြေနှင့် လူနေအိမ်များအတွက် နစ်နာကြေး ပေးမည် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, June 19, 2020

ကျိုင်းတုံမြို့ရှောင်လမ်းဧရိယာတွင် ပါဝင်သွားသည့် လယ်ယာမြေနှင့် လူနေအိမ်များအတွက် နစ်နာကြေး ပေးမည်

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ် သွား ပြည်ထောင်စု လမ်းမကြီးအား ဆက် သွယ်ဖောက်လုပ်မည့် ကျိုင်းတုံ မြို့ရှောင်လမ်း ဧရိယာ နယ်နိမိတ်အ တွင်း ပါဝင်သွားသည့် ပြည်သူများ၏ လယ်ယာမြေနှင့် လူနေအိမ်များ အတွက် နစ်နာမှု လျော်ကြေးများ ပေး အပ်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.

.
အဆိုပါ မြို့ရှောင်လမ်း ဧရိယာ အတွင်း ပါဝင်သော ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ အမှတ် (၁) ရပ်ကွက်နှင့် မိုင်းဇင်းကျေးရွာအုပ်စုရှိ အဆောက်အဦများ၊ လယ်ယာ၊ သီးနှံ၊ ရွာမြေ၊ ဂရန်မြေနှင့် လူနေအိမ် တို့အတွက် လျော်ကြေးငွေများကို ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
.
လမ်းဧရိယာထဲမှာပါဝင်လို့ နစ်နာသွားတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံညှိနှိုင်း သဘောတူညီချက်ကိုရပြီးမှ လျော် ကြေး ပေးနိုင်ဖို့အတွက် ခွင့်ပြု ချက် တင်ရပါတယ်။ အခုလကုန် ရက် လောက်မှာ နစ်နာသူ တစ်ဦးချင်းကို ဖိတ်ကြားပြီး လျော်ကြေးပေးအပ်ဖို့ စီစဉ်ထားပါတယ်”ဟု ကျိုင်းတုံမြို့ နယ် လမ်းဦးစီးဌာနမှူး အင်ဂျင်နီယာ ဦးအောင်ထွန်းဦးက ပြောသည်။
.
ယင်းကဲ့သို့ မြို့ရှောင်လမ်း ဖောက်လုပ်မှုနှင့် ပတ်သက်၍ ကျိုင်း တုံဒေသခံတစ်ဦးက “မြို့ရှောင်လမ်း က လိုအပ်ပါတယ်။ ကုန်တင် ယာဉ် တွေ၊ ခရီးသည်တင် ယာဉ်တွေကြောင့် လမ်းပိတ်ပြီး မြို့အင်္ဂါရပ်ကို ထိခိုက် နေတာ ကြာပါပြီ” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံ မြို့ရှောင်လမ်းသည် အရှည် ၁၀ ကီလိုမီတာ၊ လမ်းအကျယ် ၁၅၀ ပေရှိပြီး လမ်းနယ်နှင့် မလွတ် ကင်းသည့် ပြည်သူ ၉၄ ဦး၏ နစ်နာမှု ပမာဏကို တွက်ချက်၍ လျော်ကြေး ငွေ စုစုပေါင်း ကျပ် ၆၄၈ ဒသမ ၂၀၄ သန်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)