ကျိုင်းတုံတွင် ဖဲရိုက်လောင်းကစား ပြုလုပ်သူများကို ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 26, 2020

ကျိုင်းတုံတွင် ဖဲရိုက်လောင်းကစား ပြုလုပ်သူများကို ဖမ်းဆီး

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွမ်းကွက်သစ်ကျေးရွာတွင် ဇွန်လ ၂၅ ရက်က ဖဲရိုက်လောင်းကစား ပြုလုပ်နေသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား သက်သေခံ ပစ္စည်းများ၊ လောင်းကစား ပြုလုပ်သည့် ငွေသား ၇၃၉၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ပြီး အမျိုးသမီး ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်လျက် ရှိသည်ဟု သိရသည်။
.
 
.
ဖဲရိုက်လောင်းကစား ပြုလုပ်ရာတွင် ပါဝင်သည့် ဖမ်းဆီးရမိသူ ၅ ဦးမှာ အားခွန် (ခ) အာဂျူး (၄၉ နှစ်)၊ တင်မင်းလှိုင် (၃၁ နှစ်)၊ မနာဖီး (၄၀ နှစ်)၊ ပီလုံ (၅၆ နှစ်) ဒီးစိန် (၃၇ နှစ်) တို့ဖြစ်ပြီး မနားဒနှင့် မဘူးကာတို့ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
.
“လူမနေတဲ့ ခြံဝိုင်းထဲက ဒညှင်းပင်အောက်မှာ ဖဲရိုက်နေတယ်ဆိုပြီး တာဝန်သိပြည်သူတစ်ဦးက သတင်းပေး လို့  ရဲတပ်ဖွဲ့ဝင်တွေ၊ အသိသက်သေတွေနဲ့အတူ ဝိုင်းဖမ်းခဲ့တာဖြစ်ပါတယ်” ဟု မိုင်းဇင်းကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူး ဦးထွန်းဝေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဖဲရိုက်လောင်းကစား ပြုလုပ်သူများအား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၃၀၇/၂၀၂၀၊ လောင်းကစား ဥပဒေ ပုဒ်မ ၁၅ (က) ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၂ ဦးအား ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About