နောင်တုံကန်ပတ်လမ်း တိုးချဲ့ရာတွင် သက်တမ်းရင့် အရိပ်ရပင်နှင့် ပန်းအလှပင်များ ရှင်းလင်းခံရမည်ကို ဒေသခံများ စိုးရိမ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နောင်တုံကန်ပတ်လမ်း တိုးချဲ့ရာတွင် သက်တမ်းရင့် အရိပ်ရပင်နှင့် ပန်းအလှပင်များ ရှင်းလင်းခံရမည်ကို ဒေသခံများ စိုးရိမ်နေ


ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့ရှိ နောင်တုံကန် ပတ် လမ်းအား ကွန်ကရစ်လမ်းအဖြစ် အ ဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် လမ်းဘေးရှိ သက်တမ်းရင့် အရိပ်ရ ပင်နှင့် သစ်ပင် ပန်းမန်များအား ရှင်း လင်းဖယ်ရှားခံရမည်ကို ဒေသခံများက စိုးရိမ်နေလျက် ရှိကြောင်း သိရသည်။
.

.
နောင်တုံကန် ပတ်လမ်းတစ် လျှောက်တွင် စိုက်ပျိုးထားသည့် ညောင်ပင်၊ စိန်ပန်းပင်၊ ရေတမာပင်နှင့် စက္ကူပန်းပင် များသည် သက်တမ်း ရင့် သစ်ပင်ကြီးများ ဖြစ်ပြီး ကန်ဘေးတွင် နေထိုင်သူများနှင့် လာရောက် လည်ပတ် လေ့လာ အနားယူအပန်းဖြေသူများအတွက် စိတ်အပန်းပြေ စေသဖြင့် ယင်း အပင်များကို ဖယ်ရှား ရှင်းလင်းခြင်း မပြုရန် ဒေသခံများက လိုလားလျက်ရှိသည်ဟု သိရသည်။
.
ယင်းကဲ့သို့ ပြောဆိုမှုများနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်စည်ပင် သာယာရေးဌာနမှ အင်ဂျင်နီယာ ဦးရဲထွန်းက “အပင်ကြီးတွေကတော့ လမ်းတိုးချဲ့တဲ့ နေရာမှာ ရှင်းလင်းဖို့ မရှိပါဘူး။ တချို့ စက္ကူပန်းပင်လိုဟာ တွေတော့ ကား ရပ်နားဖို့နေရာ လုပ် ဖို့အတွက် ပါနိုင်ပါတယ်” ဟု ပြောဆို ခဲ့သည်။
.
ကျိုင်းတုံမြို့ရှိ နောင်တုံရေကန် ပတ်လမ်းနှင့် ရေမြောင်း အဆင့်မြှင့် တင် ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် ရန်အတွက် ရှမ်းပြည်နယ် အစိုးရအ ဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ၁၉၉၆ သိန်း ရရှိခဲ့ ပြီး စေတနာရှင်များ ထည့်ဝင်ထား သည့် ဘိလပ်မြေ၊ သံချောင်း၊ အလှူ ငွေများဖြင့် ယခုနှစ်၊ ဇွန်လအတွင်း လုပ်ငန်းများ စတင် ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။
.
နောင်တုံကန်၏ ရေပြင်ဧရိယာ အကျယ်မှာ ၃၅ ဒသမ ၃၇၉ ဧက ကျယ်ဝန်းပြီး ကန်ပတ်လမ်းအရှည် ၆၃၂၄ ‌ပေ ရှည်လျားကာ ယင်းလမ်း ကို ၂၄ ပေ အကျယ်၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့် တင် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
.

Journal Download

Photo of three cats