ကျိုင်းတုံတွင် အိမ်ခြံမြေ အရောင်းအဝယ် နည်းပါး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် အိမ်ခြံမြေ အရောင်းအဝယ် နည်းပါး

ထက်တိုင်းကျော်

.

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်း တုံမြို့တွင် အိမ်ခြံမြေ အငှားဈေးကွက် ကောင်းနေသော်လည်း အရောင်းအဝယ် နည်းပါးနေလျက်ရှိသည်ဟု သိ ရသည်။

.


.

COVID-19 ကပ်ရောဂါ ဖြစ်ပွား နေချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသများအတွင်း ခရီးသွားလာခွင့် ပိတ်ပင် တားမြစ်ထားခြင်းနှင့် စီး ပွားရေး လုပ်ငန်းများ ရပ်ဆိုင်းနေမှု ကြောင့် အိမ်ခြံမြေ ရောင်းချလိုသူ များပြားပြီး အဝယ်မလိုက်ခြင်း ဖြစ် ကြောင်း သိရသည်။

.

အိမ်ငှားနဲ့ မြေငှားကတော့ အ ထိုက်အလျောက် ရှိနေပါတယ်။ စား သောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ဟို တယ်နဲ့ တည်းခိုခန်း အချို့ကိုတော့ အခု ဇွန်လဆန်းပိုင်းမှာ ပြန်ခွင့် ပြုနေ ပါပြီ။ ဒါပေမဲ့ COVID-19 ကူးစက် ရောဂါ ကာကွယ်ရေးသတိနဲ့ လုပ်ရ မှာဆိုတော့ အရင်လိုချက်ချင်း အိမ် ခြံမြေ အရောင်းအဝယ်တွေ လုပ်ဖို့ ရာ မဖြစ်နိုင်သေးပါဘူး”ဟု ကျိုင်းတုံ မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

.

ကျိုင်းတုံမြို့နယ်ရှိ အိမ်ခြံမြေ နှင့် စိုက်ပျိုးမြေ အရောင်းအဝယ်ဈေး ကွက်တွင် ရောင်းသူခေါ်ဈေးမှာ ယ ခင် စီးပွားရေး လုပ်ငန်းများ ခေတ် ကောင်းစဉ်က ဆိုဈေးဖြင့်သာ တစ် သမတ်တည်း တောင်းဆို နေမှု ကြောင့် အခြား မြို့နယ်များထက်  ဈေးနှုန်းပိုမို မြင့်မားနေ သည့်အတွက် အ ဝယ် မလိုက်ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ် ပြောဆိုမှုများ ရှိနေသည်။

.

တခြားမြို့တွေမှာ သိန်း ၅၀ လောက်နဲ့ မြေတစ်ကွက် ရနိုင်ပေမဲ့ ကျိုင်းတုံမှာ ဘာစာရွက်စာတမ်း အ ထောက်အထား ခိုင်ခိုင်မာမာ မရှိ တဲ့ ရွာမြေကိုတောင် သိန်း ရာချီပြီး တောင်းနေတာဆိုတော့ ဒေသခံမ ဟုတ်သူတွေက အငှားနဲ့ပဲနေဖို့ စဉ်း စားတော့တာပေါ့” ဟု ကျိုင်းတုံမြို့နေ ဝန်ထမ်းတစ်ဦးကပြောဆိုခဲ့သည်။

.

ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော်ဖြစ်ပြီး မြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ် စု ၃၁ စု ရှိကာ မြို့သစ်မြေ၊ ရွာမြေ၊ လယ်ယာမြေ၊ သစ်တောမြေ၊ ဆည် မြောင်းမြေ၊ လမ်း ဦးစီးမြေနှင့် အခြား ဌာနဆိုင်ရာ မြေများအတွင်း ကျူး ကျော် ဝင်ရောက်နေထိုင်ခြင်း၊ အ ဆောက်အဦ ဆောက်လုပ်ခြင်းများ ကိုတားမြစ်ထားကြောင်း သိရသည်။

.

Journal Download

Photo of three cats