ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, June 23, 2020

ကျိုင်းတုံစွမ်းအင်ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံး

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ လွယ်မွေလမ်းရှိ ပြည်ငြိမ်းအေး အိမ်ရာအနီးတွင် ယနေ့ ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက ကျိုင်းတုံစွမ်းအင်ကုမ္ပဏီ၏ လျှပ်စစ်ဓါတ်အားလိုင်း လုပ်ငန်းခွင်အတွင်း ကုမ္ပဏီဝန်ထမ်း အမျိုးသား တစ်ဦး ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
အဖွဲ့ခေါင်းဆောင် အပါအဝင် လုပ်သား ၆ ဦး ပါဝင်သော အဖွဲ့သည် အခင်းဖြစ်နေရာတွင် နမ့်လရေအား လျှပ်စစ် ဓါတ်အားလိုင်းနှင့် မဟာဓါတ်အားလိုင်း ချိတ်ဆက်ပြီး လျှပ်စစ်မီး အသုံးပြုနိုင်ရန်အတွက် ၆၆ ကေဗွီ ဓါတ်အားခွဲရုံမှ နမ့်လ ရေအားလျှပ်စစ်လိုင်းကို ဖြတ်‌တောက်ရန် ဆောင်ရွက်စဉ် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ဓါတ်လိုက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရဿည်။
.
“ဓမ္မတာအတိုင်း သေဆုံးတာဟုတ်/မဟုတ် စစ်ဆေးဖို့ သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်” ဟု ကျိုင်းတုံ  မြို့မရဲစခန်းမှ ယာယီစခန်းမှူး ရဲအုပ်တင့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့တွင် မဟာဓါတ်အားလိုင်းဖြင့်ပြည်သူများလျှပ်စစ်မီးသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက် လျက်ရှိပြီး ကျိုင်းတုံစွမ်းအင်ကုမ္ပဏီ၏ ‌ရေအားလျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့် တာဝန်ခွဲဝေယူရန် ဆောင်ရွက် စဉ် ယင်းကဲ့သို့ ဓါတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)