ကျိုင်းတုံတွင် မူးယစ်တရားခံပြေးတစ်ဦးအား ပစ်ခတ်ဖမ်းဆီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် မူးယစ်တရားခံပြေးတစ်ဦးအား ပစ်ခတ်ဖမ်းဆီး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဟွေပုံကျေးရွာတွင် ဇွန်လ ၈ ရက်က မူးယစ် တရားခံပြေး တစ်ဦးအား သွားရောက်ဖမ်းဆီးရာ ထွက်ပြေးတိမ်းရှောင်သဖြင့် ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရသည်။
.
 
.
အဆိုပါ ပစ်ခတ်ဖမ်းဆီးခဲ့ရသူမှာ ဟွေပုံကျေးရွာနေ သားငယ် (ခ) မျိုးမင်းဦး ဆိုသူဖြစ်ပြီး ၎င်းသည် ၂၀၁၉ ခုနှစ်က မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မ ရဲစခန်းတွင် အမှုဖွင့်ခံထားရပြီးနောက် တရားရုံးတွင် ရာကြီး/ကျင့် ၈၇/၈၈ ဖြင့် တရားခံပြေးအဖြစ် ကြေညာခံထားရသူ ဖြစ်ကြောင်း သိရသည်။
.
“ဟုတ်ပါတယ်။ မနေ့က ရွာကို တရားခံပြေးရောက်နေတယ် သတင်းကြားလို့ သွားဖမ်းတော့ ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်” ဟု ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ အတည်ပြု ပြောဆိုခဲ့သည်။
.
ထိုသို့ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးရာတွင် သားငယ် (ခ) မျိုးမင်းဦး ဆိုသူမှ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစား သဖြင့် ရဲတပ်ဖွဲ့ဝင်မှ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ ၎င်း၏ ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် လက်ရဖမ်းဆီး ရမိခဲ့ပြီး ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats