ကျိုင်းတုံတွင် တစ်ရက်အတွင်း သေနတ်ပစ်ခတ်မှု ၂ ခုကြောင့် လူ ၂ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် တစ်ရက်အတွင်း သေနတ်ပစ်ခတ်မှု ၂ ခုကြောင့် လူ ၂ ဦး သေဆုံး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဇွန်လ ၇ ရက်က သေနတ်ပစ်ခတ်မှုဖြစ်စဉ် ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
 
.
ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ဟွေပုံရွာနေ ဦးလီဘို (၆၉ နှစ်) သည် ဇွန်လ ၇ ရက်၊ ညနေ ၅ နာရီ အချိန် ခန့်က နေအိမ်သို့ မော်တော်ဆိုင်ကယ်စီး၍ ပြန်လာစဉ် ယန်းလောကျေးရွာအကျော် ၃ မိုင်ခန့်အရောက်တွင် နောက်မှ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ဦးလီဘို၏ ဝဲဘက်နားထင်၌ ကျည် ဖောက်ထွက် ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ပြီး ကျူးလွန်သူများမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကာ ကျိုင်းတုံမြို့မ ရဲစခန်းက (ပ) ၂၉၉/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
.
အလားတူ ယင်းနေ့ည ၈ နာရီအချိန်ခန့်တွင် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ ဗေသလရွာနေ ဦးအားဘယ် (၄၂ နှစ်)၏ နေအိမ်၌ ခင်ပွန်းဖြစ်သူ မောရှည် (၄၅ နှစ်) နှင့် စကားများရန်ဖြစ်၍ လာရောက်နေထိုင်နေသော ၎င်း၏ဇနီး ဖြစ်သူအား မောရှည်မှ လာရောက်ခေါ်ယူရာ ခေါ်မရသောကြောင့် တူမီးသေနတ်ဖြင့် အိမ်ရှင် ဦးအားဘယ် အား ပစ်ခတ်ခဲ့ရာ ဦးအားဘယ်မှာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
.
ဦးအားဘယ် သေဆုံးမှုနှင့် ပတ်သက်၍ တူမီးသေနတ်ဖြင့် ပစ်ခတ်သူအား ဖမ်းဆီးရမိကာ ကျိုင်းတုံမြို့မရဲစခန်းက (ပ) ၃၀၀/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် တရားမဝင် လက်နက်ကိုင်ဆောင်ခြင်းမပြုရန် ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ အသိပေးပြောဆိုထားသည်ဟု သိရသည်။
.

Journal Download

Photo of three cats