ကျိုင်းတုံတွင် ရေသွင်းစိုက်ပျိုးသည့် ငှက်ပျောများ ဈေးကောင်းရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် ရေသွင်းစိုက်ပျိုးသည့် ငှက်ပျောများ ဈေးကောင်းရ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ရေသွင်းစိုက်ပျိုးသည့် ငှက်ပျောများ ဈေးကောင်းရသဖြင့် ငှက်ပျောစိုက် တောင်သူများ ဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.
 
.
ကျိုင်းတုံမြို့နယ်တွင် ပြီးခဲ့သည့် မိုးရာသီကာလက မိုးရွာသွန်းမှု နည်းပါးသဖြင့် ငှက်ပျောကို သဘာဝ နည်းဖြင့် စိုက်ပျိုးရာ၌ ရေလိုအပ်ချက်ရှိခဲ့သဖြင့် အထွက်နှုန်းကျဆင်းခဲ့ပြီး ရေသွင်းစိုက်ပျိုးသည့် ငှက်ပျော များ အောင်မြင်ကာ ဈေးကောင်းရနေခြင်း ဖြစ်ကြောင်း သိရသည်။
.
 မိုးမှန်တဲ့ နှစ်တွေ ဆိုရင်တော့ ငှက်ပျောဈေးကောင်း မရပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ မြေပိုရှိတဲ့ အိမ်တွေ၊ တောင်ယာတွေမှာ ဒီအတိုင်း စိုက် ထားကြတာ များတယ်။ ပြီးခဲ့တဲ့နှစ် မိုးရွာနည်းပြီး အခုလည်း မိုး သိပ်မရွာ သေးတော့ ရေသွင်းစိုက်ရပါတယ်”ဟု ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုနေ ငှက်ပျောစိုက် တောင် သူ တစ်ဦးက ပြောသည်။
.
ငှက်ပျော စိုက်ပျိုးမှု အခြေအနေ နှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်စိုက် ပျိုးရေးဦးစီးဌာနမှူး ဦးအောင် ကျော်မင်းက “ကျိုင်းတုံမြို့နယ်မှာ ငှက် ပျောကို စနစ်တကျနဲ့ စီးပွားဖြစ်စိုက်ပျိုးတာ နည်းပါတယ်။ ငှက်ပျော အထွက်နှုန်း ကောင်းစေဖို့အတွက် ရေ သွင်း စိုက်ပျိုးဖို့ လိုအပ်ပါတယ်” ဟု အကြံပြု ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ်တွင် ပုံမှန် မိုးရွာ သွန်း၍ မြေအစိုဓါတ် ကောင်းသည့် နှစ်များ၌ ငှက်ပျောတစ်ဖီးလျှင် ကျပ် ၂၀၀ ဝန်းကျင်သာ ရောင်းချခဲ့ရသော် လည်း ယခုနှစ်တွင် ငှက်ပျောသီး တစ် ဖီးလျှင် ၅၀၀ ကျပ်အထိ ဈေး ရရှိသဖြင့် ရေသွင်း စိုက်ပျိုးသည့် ငှက်ပျောစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats