ကျိုင်းတုံမြို့နယ်တွင် လက်ထိပ်ပြ၍ ရဲအယောင်ဆောင်ကာ ခြိမ်းခြောက် ငွေ တောင်းခံသူကို ဖမ်းမိ - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 28, 2020

ကျိုင်းတုံမြို့နယ်တွင် လက်ထိပ်ပြ၍ ရဲအယောင်ဆောင်ကာ ခြိမ်းခြောက် ငွေ တောင်းခံသူကို ဖမ်းမိ

ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ အားခါးဒေကျေးရွာတွင် လက်ထိပ်ပြ၍ ရဲတပ်ဖွဲ့ဝင်ဟုဆိုကာ ခြိမ်းခြောက်ပြီး ငွေတောင်းခံသည့် အမျိုးသား တစ်ဦးအား ဇွန်လ ၂၈ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.

အားခါးဒေရွာနေ အသက် ၇၀ အရွယ် ဦးကျကျောသည် ဇွန်လ ၂၆ ရက်၊ ညနေပိုင်းတွင် ၎င်းပိုင် လယ်မှ နေအိမ်သို့ တစ်ယောက်တည်း လမ်းလျှောက်၍ ပြန်လာစဉ် မော်တော်ဆိုင်ကယ် စီးနင်းလာသည့် အသက် ၄၀ အရွယ် အမျိုးသားမှ “ ရဲတပ်ဖွဲ့ဝင် ဖြစ်ပြီး မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေမည်” ဟု ပြောဆိုကာ ဦးကျကျော၏ လွယ်အိတ်အတွင်းမှ နွားရောင်းထားသည့် ငွေကျပ် ၆ သိန်းအား ယူဆောင်ကာ “ လိုက်မလာနဲ့ လိုက်လာရင် သတ်ပစ်မည်” ဟု ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲ မှတ်တမ်းများအရ သိရသည်။
.
“ ရဲအ ယောင်ဆောင်ပြီး ခြိမ်းခြောက် ငွေတောင်းလို့ ဆိုပြီး တရားလို ဦးကျကျောက ရဲစခန်းမှာ အမှုလာဖွင့်ထားတာ မှန်ပါတယ်။ ခု ဖမ်းမိထားသူကို စစ်ဆေးနေပါတယ်။” ဟု ကျိုင်းတုံမြို့မရဲစခန်းမှရဲအုပ် တင့်လွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
 အဆိုပါ ရဲတပ်ဖွဲ့ဝင် အဖြစ် အယောင်ဆောင်၍ လက်ထိပ်ပြကာ ခြိမ်းခြောက်ပြီး ငွေတောင်းခံသူ အမျိုးသားကို ကျိုင်းတုံမြို့မရဲစခန်းက (ပ)၃၁၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၇၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)